ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဇွန်လ ၇ ရက်၊
နံနက်အစောပိုင်းက လက်ကိုင်ဖုန်း ခိုးယူလာသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၇ ရက်၊ နံနက် ၃
နာရီခန့်က လုံခြုံရေး လှဉ့်ကင်းဆောင်ရွက်နေစဉ် လားရှိုးမြို့၊ ရပ်ကွက် (၈)၊
သိန္နီလမ်းမပေါ်တွင် မသင်္ကာဖွယ် လမ်းလျှောက်လာသူ တစ်ဦးအား ရှာဖွေစစ်ဆေးရာမှ
ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စစ်ဆေးရာတွင် ယင်း အမျိုးသား၏ ဘေးလွယ်အိတ်အတွင်းမှ
Redmin အမျိုးအစား ဖုန်း ၂ လုံးကို တွေ့ရှိသဖြင့်
ဖုန်းလော့ဖြေခိုင်းရာ လျှို့ဝှက်နံပါတ်များကို မသိရှိဘဲ ဖုန်းများတွင် ဆင်းမ်ကတ်
မပါရှိသည့်အပြင် ၎င်း ပိုင်ဆိုင်ကြောင်း ကျိုးကြောင်းခိုင်လုံစွာ မပြောနိုင်ဘဲ
ခိုးယူလာသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လက်ကိုင်ဖုန်းများ ခိုးယူလာသည်ဟု မသင်္ကာဖွယ် ပေါ်ပေါက်နေသူ
မိုဘာဒတ် (ခ) ဘိုဘို အား လားရှိုးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်-၅၄
ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Lashio #Crime
Monday, June 8, 2026
လားရှိုးတွင် လက်ကိုင်ဖုန်း ခိုးယူသူ တစ်ဦးကို ဖမ်းမိ
Tags
# မှုခင်း
# ရှမ်းမြောက်
# လားရှိုး
Share This
About Kanbawza Tai News
လားရှိုး
Tags
မှုခင်း,
ရှမ်းမြောက်,
လားရှိုး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment