.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊
ရွှေဘုံသာရပ်ကွက်တွင် ယနေ့ ဇွန်လ ၇ ရက်၊ ညပိုင်းက နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက် (၁)၊ နယ်မြေ
(၂)၊ စိန်ချယ်လမ်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဇွန်လ ၇ ရက်၊ ည ၈ နာရီ ၂၀ မိနစ်ခန့်က
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှုဖြစ်ပွားရာသို့ ရွှေညောင်မီးသတ်စခန်းမှ
မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မီးသတ်ဦးစီးဌာနက စစ်ဆေးရာ
အိမ်ရှင်ဖြစ်သူ တင့်နိုင်ဝင်း (ခ) အီကွေး သည် အိပ်ရာပေါ်တွင် ဆေးလိပ်သောက်ရာ
ဂွမ်းကပ်အိပ်ယာခင်းပေါ်သို့ ဆေးလိပ်မီး ပြာချွေချမိရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး
နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ ကာလတန်ဖိုး ၁၂၅၀၀၀၀ ကျပ်ခန့်
ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် လူနှင့် အခြား ထိခိုက်မှု
မရှိဘဲ မီးပေါ့ဆစွာ အသုံးပြုသူ အိမ်ရှင် တင့်နိုင်ဝင်း (ခ) အီကွေး အား ရွှေညောင် နယ်မြေ
ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.jpg)
No comments:
Post a Comment