.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်
.
■ ချက် - တောင်အာဖရိက (ည ၁၀-၃၀)
.
နှစ်သင်းစလုံးက အဖွင့်ပွဲတွေမှာ
ရှုံးထားခဲ့ကြလို့ ဒီပွဲမှာ ၃ မှတ်ရဖို့ ကြိုးစားကြရမှာပါ။ ချက်က
တောင်ကိုရီးယားကို ရှုံးခဲ့တာဖြစ်ပြီး တောင်အာဖရိက ကတော့ မက္ကဆီကို ကို
ရှုံးခဲ့တယ်။
.
နှစ်သင်းကစားပုံကို ယှဉ်ကြည့်ရင်တော့
တောင်ကိုရီးယားဆီက အမှတ်ရမလိုဖြစ်ခဲ့တဲ့ ချက် ရဲ့ ကစားပုံက တောင်အာဖရိကထက်
အများကြီး ပိုကောင်းတယ်လို့ ပြောရမယ်။ ဒီနှစ်သင်း နောက်ဆုံးထိပ်တိုက် တွေ့ဆုံမှု
မှာတော့ ၂ ဂိုးစီ သရေကျခဲ့ဖူးတယ်။
.
ချက် အသင်း ဒီပွဲမှာ ၃ မှတ်ရသွားဖို့များပြီး
တောင်အာဖရိက ကတော့ သရေတစ်မှတ်လောက် ရရင်ပဲ ကံကောင်းတယ် ပြောရပါလိမ့်မယ်။
.
■ ဆွစ်ဇာလန် - ဘော့စနီးယား (နံနက် ၁-၃၀)
.
ဒီအုပ်စုမှာတော့ ၄ သင်းလုံး ၁ မှတ်စီပဲ
ရထားကြတာမို့ အခွင့်အရေးက ဆတူရှိနေတယ်လို့တောင် ပြောရ မယ်။ ကာတာ ကို အနိုင်ရအောင်
မကစားနိုင်ခဲ့တာမို့ ဆွစ်ဇာလန် တော်တော်လေး နစ်နာသွားတယ်လို့ ပြောရမှာဖြစ်ပြီး
ဒီပွဲမှာ အမှတ်ရဖို့ ကြိုးစားရမယ့် အခြေအနေ ဖြစ်လာတယ်။
.
ဘော့စနီးယားကလည်း ကနေဒါ ကို နိုင်မလို
အခြေအနေကနေ ပွဲပြီးခါနီး ချေပဂိုးကြောင့် တစ်မှတ်နဲ့ ကျေနပ်ခဲ့ရတယ်။
.
ဘော့စနီးယား ကစားပုံက အဆိုးကြီးမဟုတ်ပေမဲ့
ဆွစ်ဇာလန်သာ သေချာကစားရင် ဘော့စနီးယားတို့ ယှဉ်နိုင်ဖို့မလွယ်ဘူး။
.
အမ်ဘိုလို ပွဲထွက်လာမယ့် ဆွစ်ဇာလန် တိုက်စစ်မှာ
ဆွစ်ဇာလန်ပဲ ၃ မှတ်ရသွားပါလိမ့်မယ်။
.
■ ကနေဒါ - ကာတာ (မနက် ၄-၃၀)
.
ကာတာရဲ့ခြေစွမ်းက ဆွစ်ဇာလန်နဲ့ပွဲမှာ
အကောင်းကြီးမဟုတ်ခဲ့ပဲ နောက်ဆုံးမိနစ် Own Goal ကြောင့်သာ
တစ်မှတ်ရခဲ့တာပါ။
.
အဖွင့်ပွဲကို တံကောက်ကြော ဒဏ်ရာကြောင့်
လွဲခဲ့ရတဲ့ ခံစစ်က အယ်လ်ဖွန်ဆိုဒေးဗီး ပြန်ပါလာဖို့များပြီး သူသာ ပါလာမယ်ဆိုရင်
ကနေဒါ နောက်တန်းက ကာတာ တိုက်စစ်ကို မှုစရာမလိုတဲ့ အခြေအနေပါ။
.
ကနေဒါရဲ့ ဆိုင်လွန် လာရင်နဲ့ ဒေးဗီးစ်
တို့အတွဲကို ကာတာနောက်တန်းက ထိန်းနိုင်ဖို့ မလွယ်ပါဘူး။ ကာတာကို နိုင်ပြီး ၃
မှတ်ရထားမှသာ ကနေဒါတို့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းမှာမို့ ဒီပွဲက ကနေဒါ
သေချာပေါက် ၃ မှတ်ရမယ့်ပွဲလို့ပဲ ပြောရမှာပါ။
.
■ မက္ကဆီကို - တောင်ကိုရီးယား (နံနက် ၇-၃၀)
.
အုပ်စု A ရဲ့ ၃
မှတ်ရထားတဲ့ အသင်းအချင်းချင်း တွေ့ကြမယ့်ပွဲမို့ ဒီပွဲနိုင်တဲ့အသင်းက အုပ်စုကို
ဦးဆောင်ခွင့် ရမှာပါ။
.
မက္ကဆီကိုရဲ့ ဂျီမီနက်ဇ်၊ အယ်လ်ဗာရာဒို၊
ကွင်နိုနက်စ် တို့ရဲ့တိုက်စစ်က တော်တော်လေး စွမ်းဆောင်ရည် ကောင်းပြီး ကင်မင်ဂျေး
ဦးဆောင်တဲ့ တောင်ကိုရီးယား ခံစစ်ကို ဖိအားပေးနိုင်စွမ်းရှိပါတယ်။
.
တောင်ကိုရီးယားကတော့ တိုက်စစ်မှာ ဆွန်ဟောင်မင်၊
လီကန်အင် တို့ကို အားပြုကစားနေပေမဲ့ ပြီးခဲ့တဲ့ ပွဲမှာတော့ ဒီနှစ်ယောက်က
တော်တော်လေး လွဲခဲ့ကြတာကို တွေ့ရတယ်။ ကွင်းလယ်က ဟွမ်အင်ဘုံး ကတော့
ပြီးခဲ့တဲ့ပွဲမှာ ခြေစွမ်းပြထားခဲ့ပြီး ဒီပွဲမှာတော့ မက္ကဆီကို ရဲ့အဓိက ကွင်းလယ်လူ
အဲရစ် လီယာနဲ့ ယှဉ်ရမှာပါ။
.
တောင်ကိုရီးယားက တိုက်စစ်ကစားပုံ သွက်တယ်ဆိုပေမဲ့
အသင်းလိုက် ဟန်ချက်ညီမှု မှာတော့ မက္ကဆီကို ကို မယှဉ်နိုင်ပါဘူး။
အိမ်ရှင်ဖြစ်နေတာရယ်၊ တောင်ကိုရီးယားခံစစ်က ဂိုးပေးနေတာရယ်ကို ထည့်တွက် လိုက်ရင်
ဒီပွဲမှာ မက္ကဆီကို ၃ မှတ်ရသွားနိုင်ပါတယ်။
.

No comments:
Post a Comment