ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးဈေးကွက် အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး တောင်သူတွေ အရှုးပေါ်နေ
ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးတွေက အဆိုးရွားဆုံး ဈေးကွက် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး တောင်သူတွေ အရှုးပေါ်နေရတယ်လို သိရပါတယ်။
.
■ ရှမ်းပြည်မှာ ဘိန်းစာရွက်ပြုတ်ရည်ကို သုံးစွဲသူများလာ
ရှမ်းပြည်နယ်ဒေသ တော်တော်များများမှာ ကထွမ့် လိုခေါ်တဲ့ ဘိန်းစာရွက်ပြုတ်ရည်ကို လူငယ်တွေအပါအဝင် သုံးစွဲသူတွေများပြားလာနေပြီး နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်တွေ ရှိလာနိုင်တယ်လို ဒေသခံတွေက ပြောနေကြတာပါ။
.
■ ရွေးကောက်ပွဲမှာ ဝင်မရှုပ်ဖိုအတွက် ဒေါ်နယ်ထရမ့်ကို ဘရာဇီးသမ္မတ သတိပေး
ဘရာဇီးသမ္မတ လူကာ ဒါဆေးလ်ဗားက အမေရိကန်ပြည်ထောင်စု အနေနဲ့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ဖို သတိပေးလိုက်ပါတယ်။ လက်ရှိသမ္မတ လူကာ က နိုင်ငံတွင်းမှာ ဖလာဗီယို ဘိုဆိုနာရို နဲ့ အပြိုင်ရွေးကောက်ခံရဖိုရှိနေပြီး ရွေးကောက်ပွဲကို အောက်တိုဘာမှာ ကျင်းပမှာဖြစ်ပါတယ်။
.
#KBZTai #Shan #Broadcasting #News
.
Link - https://youtu.be/Kk3tl2Fu2cU
No comments:
Post a Comment