တာချီလိတ်မြို့နယ်တွင် တရားမဝင် ရွှေတူးဖော်နေသည့် တရုတ်နှင့် လာအိုနိုင်ငံသား ၁၉ ဦး ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

တာချီလိတ်မြို့နယ်တွင် တရားမဝင် ရွှေတူးဖော်နေသည့် တရုတ်နှင့် လာအိုနိုင်ငံသား ၁၉ ဦး ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ဝမ်လန်းကျေးရွာအနီးတွင် ယမန်နေ့ ဇွန်လ ၁၉ ရက်၊ နေ့လယ်ပိုင်းက တရားမဝင် ရွှေတူးဖော်နေသည့် တရုတ်နှင့် လာအိုနိုင်ငံသား ၁၉ ဦးအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းခြင်း များ သွားရောက်ဆောင်ရွက်ရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါ ကျေးရွာ၏ တောင်ဘက် မီတာ ၄၅၀ ခန့်အကွာနေရာ၌ ရွှေတူးဖော်ရန် ပြင်ဆင်နေသည့် ရွှေမျောဖောင် ၁ စင်းပေါ်မှ တရုတ်နိုင်ငံသား အမျိုးသား  ၁၁  ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးတို့အားလည်းကောင်း၊ အဆိုပါနေရာ၏ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာတွင် ရွှေမျောဖောင် ၁ စင်းပေါ်မှ တရုတ်နိုင်ငံသား ၆ ဦး၊ လာအိုနိုင်ငံသား ၁ ဦး၊ စုစုပေါင်း တရုတ်နိုင်ငံသား ၁၇ ဦးနှင့်  လာအိုနိုင်ငံသား ၂ ဦးတို့အား ဂက်စ်အိုး ၂ လုံး၊ လေအိုးအရှည် ၁၃ လုံး၊ ဒိုင်နမို ၂ လုံး၊ ရွှေတူးရာတွင်အသုံးပြုသည့် ရော်ဘာပြား    လိပ်၊   GUANXI YUCHAI ENGINE ဒိုင်နမိုတွဲ လျက် မီးစက် ၁ လုံး၊ အလျား ၁၂၀ ပေ၊  အနံ ၃၇ ပေ၊ အခန်း ၆ ခန်းပါ   ဆောက်လုပ်ဆဲရွှေမျောစင် ၁ ခု၊ STRAIONARY  DIESEL  ENGINE RATE POWER 250 ၁ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ  သိမ်းဆည်းရမိ  တရားမဝင်ရွှေတူးဖော်ရာတွင်အသုံးပြုမည့် ပစ္စည်းများအား  လုပ်ထုံးလုပ်နည်းနှင့် အညီ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများအား ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ  ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

နယ်စပ်ဒေသအချို့တွင် မသမာသူများ၏ တရားမဝင် သယံဇာတတူးဖော် ထုတ်လုပ်မှုများကြောင့် နိုင်ငံ၏ သယံဇာတများ ဆုံးရှုံးခြင်းအပြင် သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ကာ မြစ်ချောင်းများ ပျက်စီးတိမ်ကောခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မြစ်ရေချောင်းရေကို မှီခိုနေရသည့် ပြည်သူများ အတွက် အခက်အခဲဖြစ်စေနိုင်သည့်အပြင် ကျန်းမာရေးဆိုင်ရာပြဿနာများဖြစ်စေခြင်း၊ ရေသယံဇာတ များရှားပါးနိုင်ခြင်း စသည့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေသည့်အတွက် မြေအောက်သယံဇာတများ တရား မဝင် စည်းကမ်းမဲ့ တူးဖော်ထုတ်လုပ်မှုများအားလုံးကို ထိထိရောက်ရောက် အရေးယူရှင်းလင်း ဖယ်ရှားခြင်း များဆောင်ရွက်လျက်ရှိပြီး တရားမဝင် သယံဇာတတူးဖော်ခြင်း ဆောင်ရွက်သူများကိုလည်း ဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

.

No comments:

Post a Comment

Pages