လူ ၄ ဦး သေဆုံးခဲ့ရသည့် ယာဉ်တိုက်မှု ခုထိ မကူညီလို့ စိတ်မကောင်း ဖြစ်နေရ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

လူ ၄ ဦး သေဆုံးခဲ့ရသည့် ယာဉ်တိုက်မှု ခုထိ မကူညီလို့ စိတ်မကောင်း ဖြစ်နေရ (ရုပ်သံ)


၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်တုန်းက တောင်ကြီး-အေးသာယာ အဆင်းလမ်းမှာ ယာဉ်တိုက်မှု  ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ လူ ၄ ဦး သေဆုံးခဲ့ရတာ ရှိပါတယ်။

.

အဲဒီ ယာဉ်တိုက်မှုကို ကျူးလွန်ခဲ့သူတွေဘက်က ၂ နှစ်ကျော် ကြာလာသည်ထိ သေဆုံးခဲ့ရသူတွေအတွက် တစ်စုံတရာ ကူညီပေးမှု မရှိလို့ စိတ်မကောင်း ဖြစ်ရကြောင်း ကျန်ရစ်သူ မိသားစုဝင် တစ်ဦးက ကမ္ဘောဇတိုင်းကနေ တဆင့် ဖွင့်ဟခဲ့တာပါ။

.

၂ နှစ်ကျော်ကြာသည်ထိ မြိုသိပ်ခဲ့ပြီးတဲ့နောက် မီဒီယာတွေ ပြန်လည် ပေါ်ထွက်လာတာကို တွေ့မြင်ရတာကြောင့် သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်း ဖြစ်ရလွန်း၍ အခုလို ဖွင့်ဟ ပြောဆိုတာ ဖြစ်ပြီး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမှ နစ်နာလိုစေခြင်း မရှိဘူးလို့ ကျန်ရစ်သူ မိသားစုဝင်က ပြောဆိုထားပါသေးတယ်။

.

#KBZTai  #Shan  #Interview  #Broadcasting

.

Link - https://shorturl.at/1MsDa

No comments:

Post a Comment

Pages