အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အစ္စရေးနဲ့ လက်ဘနွန်အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရပြီး ရက်ပိုင်းအကြာမှာပဲ အစ္စရေးရဲ့ ပြန်လည် တိုက်ခိုက်နေမှုကြောင့် လက်ဘနွန်တောင်ပိုင်းမှာ ဗိုလ်မှူးချုပ် တစ်ဦးအပါအဝင် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပါတယ်။
.
ခါဒါလီ - နာဘာတီယာ လမ်းပေါ်မှာ ဗိုလ်မှူးချုပ်နဲ့
သူ့ရဲ့အဖွဲ့ စစ်ဖက်ယာဉ်နဲ့ သွားလာနေချိန် အစ္စရေးက တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဗိုလ်မှူးချုပ် အီလီ ခါရီ နဲ့ စစ်သားတချို့
သေဆုံးသွားခဲ့တာပါ။
.
အစ္စရေးဖက်ကတော့ စနေနေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ တိုက်ပွဲ
ဖြစ်ပွားနေတဲ့ နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တိုက်ပွဲနယ်မြေအတွင်း သွားလာမှုတွေအတွက်
အစ္စရေးစစ်တပ်နဲ့ ညှိနှိုင်းမှု အရင်ဆုံး ပြုလုပ်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။
.
လက်ဘနွန်ဖက်ကလည်း အစ္စရေးဟာ ဒီတိုက်ခိုက်မှုတွေကို ရည်ရွယ်ချက် ရှိရှိနဲ့
ထပ်တလဲလဲ ပြုလုပ်နေတာ ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှု အားလုံးကို
ပျက်စီးအောင် လုပ်နေတာလို့ စွပ်စွဲထားတာပါ။
.
လက်ဘနွန်သမ္မတ နာဝပ်ဆာလမ် ကတော့ ဒီတိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေး
လုပ်ထားပြီးမှာ ဖြစ်လာတာမို့ ဆိုးရွားတဲ့ ရာဇဝတ်မှု တစ်ခုလို့ သတ်မှတ်လို့ရတဲ့ အကြောင်း
ပြောဆိုထားပါတယ်။
.
ဟစ်ဇ်ဘိုလာတွေဖက်ကတော့ လက်ဘနွန်အစိုးရဟာ အစ္စရေးရဲ့ တောင်းဆိုမှုတွေကို
အလျှော့ပေးရာ ကနေ နိုင်ငံကို သွေးထွက်သံယို ဖြစ်စေမယ့်
အခြေအနေ တစ်ရပ်ဆီ တွန်းပို့နေတာ ဖြစ်တဲ့အကြောင်း ဝေဖန်ထားပါတယ်။ အစ္စရေးရဲ့
ဒီတိုက်ခိုက်မှုကို ဒေသတွင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ဆော်ဒီ၊ ဂျော်ဒန်နဲ့ ကာတာ
တို့ကလည်း ရှုံ့ချခဲ့ကြပြီး လက်ဘနွန်ရဲ့အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း
ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
.
Source
– CNN
.
#KBZTai #Shan #Israel #Lebnon #international

No comments:
Post a Comment