ယူကရိန်းမြို့ကြီးတွေကို ရုရှား အပြင်းအထန်ပစ်ခတ်နေပြီး အနည်းဆုံး ၉ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 2, 2026

ယူကရိန်းမြို့ကြီးတွေကို ရုရှား အပြင်းအထန်ပစ်ခတ်နေပြီး အနည်းဆုံး ၉ ဦး သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်

.

ယူကရိန်းနိုင်ငံထဲက မြို့ကြီးတွေဖြစ်ကြတဲ့ ဒီနီပရိုနဲ့ ကိဗ် မြို့တွေကို ရုရှားက အကြီးစားဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တစ်မနက်အတွင်း အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။

.

.

ဒီတိုက်ခိုက်မှုက ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနီပရို မှာ တိုက်ခိုက်မှုတွေ ကြောင့် လူ ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တာပါ။ ကိဗ်မှာတော့ သေဆုံးသူ ၄ ဦးရှိပြီး အနည်းဆုံး ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

.

ကိဗ်မြို့တော်ဝန် ကလစ်ချန်ကို က မြို့အတွင်းမှာရှိတဲ့ အထပ်မြင့် လူနေအဆောက်အဦနှစ်လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ ပြောဆိုထားပြီး အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေမှာကို စိုးရိမ်နေတဲ့အကြောင်း ပြောဆိုထားတာပါ။

.

ရုရှားဖက်ကတော့ ဒီတိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရုရှားထိန်းချုပ် ဒေသထဲမှာရှိတဲ့ အဆောင်တစ်ခုကို ယူကရိန်ုးဒရုန်း တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုန့်ပြန်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

.

ကလစ်ချန်ကို က ပြည်သူတွေကို လုံခြုံရေးခိုလှုံရာနေရာတွေမှာ ဆက်လက်နေထိုင်ကြဖို့ တိုက်တွန်းထားပြီး ရုရှားဖက်က ဘယ်လက်စတစ် ဒုံးကျည်တွေကို သုံးနေတဲ့အကြောင်း ပြောထားတာပါ။

.

ယူကရိန်းနိုင်ငံတွင်းဒေသအများစုမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ကိဗ်မြို့ အလယ်ပိုင်းမှာဆိုရင် မီးခိုးလုံးကြီးတွေ တက်လာတာကိုတောင် ပြည်သူတွေ မြင်ခဲ့ရတာပါ။

.

မေလထဲမှာ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် သက်တမ်းကုန်သွားပြီးတဲ့နောက်မှာ ရုရှားက ကိဗ်မြို့ကို ပစ်မှတ်ထားပြီး ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages