.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်
.
ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် အခြေခံပညာအဆင့် အစိုးရကျောင်း၊
ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများတွင် ယမန်နေ့ ဇွန်လ ၁ ရက်အထိ
ကျောင်းအပ်နှံသူ ကျောင်းသား/သူ ဦးရေ ၅၆၀၀၀၀ ကျော် ရှိပြီး ယမန်နှစ်က ကျောင်းသားရှိစာရင်းထက်
လျော့နည်းနေသေးသည် ဟု သိရသည်။
.
ယမန်နှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်တွင် စာရင်းရှိ
ကျောင်းသား/ကျောင်းသူဦးရေ အနေဖြင့် မူလတန်းအဆင့် ၅၁၇၇၇၁ ဦး၊ အလယ်တန်းအဆင့် ၁၂၆၇၆၈
ဦးနှင့် အထက်တန်းအဆင့် ၅၄၆၇၅ ဦး၊ စုစုပေါင်း ၆၉၉၂၁၄ ဦး ရှိခဲ့ခြင်းဖြစ်သည်။
.
ယင်းကဲ့သို့ ကျောင်းအပ်နှံသည့် ဦးရေ လျော့နည်းနေခြင်းမှာ
အချို့သော ဒေသများတွင် ကျောင်းအပ်နှံမှု နောက်ကျခြင်းကြောင့် ဖြစ်နိုင်ပြီး အခြေခံပညာအထက်တန်း
Grade-12 စာမေးပွဲ အောင်စာရင်းများ ထွက်ပြီးနောက်တွင်လည်း Grade-12
ကျရှုံးသူများ ကျောင်းပြန်လည်ဝင်ရောက်လာနိုင်သဖြင့် ကျောင်းသားဦးရေ ပြန်လည်များလာနိုင်ကြောင်း
ပညာရေးဝန်ထမ်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
.
အခြေခံပညာအဆင့် ကျောင်းအပ်လက်ခံမှုကို မေလ ၂၅
ရက်မှ စတင်လက်ခံဆောင်ရွက်ခဲ့ပြီး ယမန်နေ့ ဇွန်လ ၁ ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment