ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 8, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)



ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -

.
တာချီလိတ် ချစ်ကြည်ရေးတံတားမှာ ခရီးသွားတွေ အချိန်အကြာကြီး တန်းစီနေရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရှိတဲ့ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားမှာ ထိုင်းဘက်က စစ်ဆေးမှုတွေ ကြန့်ကြာနေတာကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီနေရတယ်လို့ တာချီလိတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ပြောဆိုလိုက်ပါတယ်။

.

အောင်မြေသစ်ကိုယ်ပိုင်ကျောင်းကို ရာသက်ပန်ပိတ်သိမ်း

အရွယ်မရောက်သေးတဲ့ ကျောင်းသူမိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ ပတ်သက်ပြီး အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းကို ရာသက်ပန် ပိတ်သိမ်းလိုက်ပြီ ဖြစ်တဲ့အကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးရဲ့တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းကို  ပြောပါတယ်။

.

အစ္စရေးနဲ့အီရန်တို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်နေကြ

အမေရိကန်က အစ္စရေးကို လက်ဘနွန်အပေါ် တိုက်ခိုက်နေမှုတွေ ရပ်ဖို့ ကြိုးစားနေချိန်မှာပဲ ဟစ်ဇ်ဘိုလာတွေကြောင့် ဆွေးနွေးမှုက ပျက်သွားခဲ့ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက ဆက်လက် ဖြစ်ပေါ်နေတာပါ။

.
#KBZTai #Shan #Broadcasting
.

Link - https://shorturl.at/xspVG

No comments:

Post a Comment

Pages