.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြိုန့ယ်၊ ကောင်းတပ်ကျေးရွာတွင်
ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များကို PSLF/TNLA
က ယနေ့ ဇွန်လ ၈ ရက်တွင် ထောက်ပံ့ငွေများ ပေးအပ်ပြီး လေးနက်စွာ တောင်းပန်ကြောင်း
ဖော်ပြကာ ရက်လည်တရားနာ ပြုလုပ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်
ပြန်ကြားရေးက က ထုတ်ပြန်ထားသည်။
.
.နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ပြီးခဲ့သည့်
မေလ ၃၁ ရက်၊ နေ့လယ်ပိုင်းက ယမ်းပေါက်ကွဲမှု ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူ
မိသားစုများအား လူသားချင်း စာနာထောက်ထားမှု အကူ အညီအဖြစ် ကွယ်လွန်သူတစ်ဦးလျှင် ငွေကျပ်
သိန်း ၁၀၀ စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ
အတွက်လည်း လိုအပ်သည့် ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အခြားလိုအပ်သည့်
အကူအညီများကို ဆက်လက်ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း PSLF/TNLA က ဆိုသည်။
.
ရက်လည်တရားနာနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် PSLF/TNLA
ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက ယခုဖြစ်စဉ်ကြောင့်
အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ရသူများနှင့် မိသားစုဝင်များအား
ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ပြီး ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့်
နစ်နာဆုံးရှုံးမှုများအပေါ် အလေးအနက်ထား၍ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အစွမ်းကုန်
ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြပါရှိသည်။
.
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်
ဖွဲ့စည်းထားသည့် ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေး ကော်မတီ အနေဖြင့် ပြည်တွင်း၊
ပြည်ပ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူများ၏
မေတ္တာ၊ စေတနာဖြင့် ပါဝင်လှူဒါန်းထားသည့် အလှူငွေများကို လက်ခံရရှိထားပြီး
လက်ရှိအချိန်ထိ တရုတ်ယွမ်ငွေ ၂၀၆၄၃၅ ယွမ်နှင့် မြန်မာကျပ်ငွေ သိန်း ၉ ထောင်ကျော် လက်ခံရရှိထား
ပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အလှူငွေများကို ကောင်းတပ်ရပ်ကွက်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်သာ သီးသန့် ထိန်းသိမ်းထားရှိပြီး
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် စနစ်တကျ စီမံခန့်ခွဲ အသုံးပြုသွားမည်ဖြစ်ကြောင်း
PSLF/TNLA က ထုတ်ပြန်ထားသည်။
.

No comments:
Post a Comment