လေးတန်းပြောင်း (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 7, 2026

လေးတန်းပြောင်း (ရုပ်သံ)



လေးတန်းပြောင်းဖူးကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးဒေသတွေမှာ အများဆုံး စိုက်ပျိုးကြပြီး အခြားဒေသများမှာလည်း စိုက်ပျိုးမှု ရှိကြပါတယ်။
.
နှစ်စဉ် ဇန်နဝါရီလလောက်မှာ လေးတန်းပြောင်းကို စတင်စိုက်ပျိုးကြပြီးတော့ မေလလောက်မှာ စတင် ခူးစွတ်လို့ ရရှိတာ ဖြစ်ပါတယ်။ ဈေးကွက် မရှိတာကြောင့် အဆင်မပြေလှသော်လည်း အထိုက်အလျောက်တော့ အရောင်း/အဝယ် ရှိပါတယ်။ လက်ရှိမှာ လေးတန်းပြောင်း တစ်ဖူးကို ၅၀ ကျပ်ကနေ ၈၀ ကျပ်ဝန်းကျင်သာ ရှိပါတယ်။ ပေါ် စ ကတော့ ၁၀၀ ကျပ်ကျော်ထိ ဈေး ရှိပါတယ်။
.
လေးတန်းပြောင်းရဲ့ ထူးခြားချက်ကတော့ ပြောင်းဖူး တစ်ဖူးမှာ ရှိတဲ့ အစေ့အရေအတွက်ဟာ ၄ တန်း သို့မဟုတ် ၈ တန်းသာ ရှိတတ်တာ ဖြစ်ပါတယ်။ ပုံစံက သွယ်သွယ်ရှည်ရှည် ပုံသဏ္ဍာန် ရှိပါတယ်။ ပြောင်းဖူးစေ့ တစ်စေ့နဲ့ တစ်စေ့ အကွာအဝေး အနည်းငယ် ကွာဝေးတတ်လေ့ ရှိပါတယ်။ အရသာက အရမ်းချို မနေဘဲ စေးပိုင်ပြီး ဝါးလို့ကောင်းပါတယ်။
.
ပိုးမွှားဒဏ်၊ ရာသီဥတုဒဏ်နဲ့ မိုးခေါင်တဲ့ဒဏ်ကို အတော်လေး ခံနိုင်ရည် ရှိပါတယ်။ ဓါတ်မြေဩဇာ အလွန်အကျွံ ကျွေးဖို့ မလိုဘဲ သဘာဝအတိုင်း ဖြစ်ထွန်းလွယ်ပါတယ်။ လေးတန်းပြောင်းဖူးလို ဒေသမျိုးရင်းတွေဟာ ဈေးကွက်ထဲမှာ ရှားပါးလာပြီး အချို့နေရာတွေမှာဆို ပျောက်ကွယ်လု နီးပါး အခြေအနေမှာတောင် ရှိနေပါပြီ။
.
ကျန်းမာရေးနဲ့ ညီညွတ်ပြီး သဘာဝအရသာ စစ်စစ်ကို ပေးနိုင်တာကြောင့် ကျေးလက်ဒေသအချို့မှာ အိမ်စားဖို့နဲ့ အနည်းငယ် ရောင်းဖို့အတွက် ဆက်လက်ထိန်းသိမ်း စိုက်ပျိုးနေကြဆဲ ဖြစ်ပါတယ်။
.
.

No comments:

Post a Comment

Pages