.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်
.
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊
ဘန်ဘောင်းခရိုင်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အစောင့်ကို ရိုက်နှက်ပြီး
ကေဘယ်ကြိုးတွေ ယူဆောင်သွားခဲ့တဲ့ မြန်မာအဖွဲ့ကို ဖမ်းဆီးရမိခဲ့တဲ့အကြောင်း
ထိုင်းရဲတပ်ဖွဲ့ က ကြေညာလိုက်ပါတယ်။
.
.
ဒီကြိုးတွေက ဘတ် ၆ သိန်းလောက် တန်ဖိုးရှိပြီး
လက်ရှိမှာတော့ ဓားပြအဖွဲ့ထဲမှာပါတဲ့ မြန်မာနိုင်ငံသား ၄ ဦီးကို ဖမ်းမိထားတာပါ။
.
၂၀၂၆ ၊ ဇွန်လ ၄ ရက်မှာဖြစ်ပွားခဲ့တဲ့
ဒီဓားပြမှုရဲ့ ရုပ်သံမှတ်တမ်းတွေမှာ လူ ၁၀ ဦးကျော်က မော်တော်ယာဉ် တစ်စီးကို
ဝန်းရံထားပြီးတဲ့နောက် လုံခြုံရေးအစောင့်ကို တိုက်ခိုက်ပြီး ခြေနဲ့လက်တွေကို
ချည်နှောင်ထားခဲ့ တာကို တွေ့ရတာပါ။ အဲဒီနောက်မှာတော့ ကေဘယ်ကြိုးအမြောက်အမြားကို
စောင့်ဆိုင်းနေတဲ့ ပစ်ကပ်ကား ၂ စီးပေါ် တင်ဆောင်သွားကြတာကို တွေ့ခဲ့ရတာပါ။
.
ချွန်ဘူရီပြည်နယ်ရဲတွေက CCTV မှတ်တမ်းတွေနဲ့ ထွက်ပြေးတဲ့လမ်းကြောင်းတွေကို စစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၆
ရက်နေ့မှာ အခင်းဖြစ်ပွားရာမှာ အသုံးပြုခဲ့တဲ့ ကားတစ်စီးကို ဖန်ဆာဒက်နော့ခ်
လမ်းပေါ်က ပစ္စည်းအရောင်းဆိုင်တစ်ခုထဲ ဝင်သွားတာကို တွေ့ရှိခဲ့ကြပါတယ်။
.
အဲဒီကနေမှ မော်တော်ယာဉ်ရဲ့မှတ်ပုံတင်အမှတ်ကို
စစ်ဆေးခဲ့ပြီး ရနောင်းပြည်နယ်၊ တာဆစ်ရပ်ကွက်ထဲက နေရာတစ်ခုကို ခြေရာခံနိုင်ခဲ့တာပါ။
.
ရဲတပ်ဖွဲ့တွေ အဲဒီနေရာကို ရောက်သွားချိန်မှာပဲ
လမ်းထဲကနေ ထွက်လာတဲ့မော်တော်ယာဉ်နဲ့ ပက်ပင်း တိုးခဲ့ပြီး ယာဉ်ကိုမောင်းနှင်လာတဲ့
ရဲထွေး ဆိုသူကို ဖမ်းဆီးမိခဲ့တာပါ။ ရဲထွေး ကို စစ်ဆေးမေးမြန်းမှုတွေအရ
အခြားပါဝင်သူတွေဖြစ်ကြတဲ့ စိုင်းထက်အောင်၊ ဝေဂန်းနဲ့ ရဲကိုလင်း တို့ကို
ဖမ်းဆီးရမိခဲ့ပြီး ၄ ဦးစလုံးက ဓားပြတိုက်မှုမှာ ပါဝင်ခဲ့တယ်လို့
ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။
.
အဖွဲ့ခေါင်းဆောင်လို့ ယူဆထားတဲ့ မောင် နဲ့
အခြားအဖွဲ့ဝင်တွေကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီး ခံရသူတွေက
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
.
ဒီအဖွဲ့က ခလောင်းကီယို၊ နောင်းရိုင်နဲ့ ပလပ်ဒန်း
ရဲစခန်းနယ်မြေတွေမှာ ဖြစ်ပွားခဲ့တဲ့ အလားတူ ဓားပြမှု တွေနဲ့ ဆက်စပ်နေတယ်လို့လည်း
ထိုင်းရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment