၂၀၂၆ ခုနှစ်ရဲ့ အရှေ့တောင်အာရှ ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ရဲ့ မဲခွဲပွဲ ရလာဒ်တွေအရ ရှမ်းယူနိုက်တက်အသင်းက “Winner PlayOff 2” နေရာမှာ ကျရောက်နေပြီး အုပ်စုအဆင့်ကို တက်နိုင်ဖို့ လာအိုကလပ် Ezra FC နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
.
ဇွန်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မဲခွဲပွဲမှာတော့ ရှမ်းယူနိုက်တက်က
ပွဲကျပ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး PlayOff ပွဲစဉ်မှာ အနိုင်
ရခဲ့တယ်ဆိုရင်တောင် အသင်းကောင်းတွေ စုပြုံနေတဲ့ အုပ်စု B မှာ
ပါဝင်ကစားရဖို့ ရှိနေတာပါ။
.
ရှမ်းယူနိုက်တက်သာ PlayOff မှာ အနိုင် ကစားခဲ့ပြီး
အုပ်စုအဆင့်ကို တက်လှမ်း သွားနိုင်ခဲ့မယ်ဆိုရင် မလေးရှား ချန်ပီယံအသင်း ဖြစ်တဲ့
ဂျိုဟိုး ဒရူးတာဇင်၊ စင်ကာပူ ချန်ပီယံအသင်း ဖြစ်တဲ့ လိုင်းယွန်းစီးတီး၊ ဗီယက်နမ် ချန်ပီယံအသင်း
ဖြစ်တဲ့ ကွန်အန်ဟနွိုင်း၊ ကမ္ဘောဒီးယားချန်ပီယံ PKR SVAY ၊
အင်ဒိုနီးရှား ချန်ပီယံ ပါဆစ်ဘန်ဒန်း အသင်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ချန်ပီယံ
မဟုတ်တဲ့ အသင်းဆိုလို့ ထိုင်းကလပ် ပေါ့တ် တစ်သင်းသာ ရှိနေတာပါ။
.
အခြားအုပ်စု တစ်ခုဖြစ်တဲ့ အုပ်စု A မှာတော့
ချန်ပီယံအသင်းအဖြစ် ထိုင်းချန်ပီယံ ဘူရီယံ တစ်သင်းသာ ရှိနေပြီး အုပ်စု ချောင်နေတာမို့
ရှမ်းယူနိုက်တက်အတွက် မဲခွဲမှုမှာ ကံ သိပ်မကောင်းဘူးလို့ ပြောရမှာပါ။
.
လက်ရှိမှာတော့ ရှမ်းယူနိုက်တက်အသင်းအနေနဲ့ လာအိုကလပ်နဲ့ ပွဲစဉ်ကိုသာ
အာရုံ စိုက်ထားတဲ့အကြောင်းနဲ့ အုပ်စုအဆင့်ကို တက်ရောက်ဖို့အတွက် အကောင်းဆုံး
ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း အသင်း ပရိသတ်တွေကို အသိပေးထားပါတယ်။
.
#KBZTai #Shan #Shanunited #Football

No comments:
Post a Comment