ဖီဖာရဲ့ ပါးစပ်ပိတ် စကားမပြောရ စည်းမျဉ်းသစ်မှာ သားကောင်ဖြစ်သွားခဲ့တဲ့ အယ်လ်မီရွန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

ဖီဖာရဲ့ ပါးစပ်ပိတ် စကားမပြောရ စည်းမျဉ်းသစ်မှာ သားကောင်ဖြစ်သွားခဲ့တဲ့ အယ်လ်မီရွန်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.

ဒီနေ့မနက် ၉ နာရီခွဲမှာ ကစားခဲ့ကြတဲ့ တူရကီနဲ့ ပါရာဂွေးတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ နှစ်ဖက်အသင်းသားတွေ အချင်းများရာကနေ ပါးစပ်ပိတ် စကားပြောမိတဲ့ ပါရာဂွေး တိုက်စစ်ကစားသမား အယ်လ်မီရွန် တစ်ယောက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

.

.

ဖီဖာ က ၂၀၂၆ ကမ္ဘာ့ဖလားမှာ စည်းမျဉ်းသစ်တချို့ ထုတ်ပြန်ထားခဲ့ပြီး အဲဒီစည်းမျဉ်းတွေထဲမှာ ကစားသမား တွေ အနေနဲ့ ကွင်းအတွင်းမှာ ပါးစပ်ကို လက်နဲ့အုပ်ပြီး စကားမပြောရဘူးဆိုတဲ့ စည်းမျဉ်းတစ်ခု ပါရှိလာ တာပါ။ ဒီစည်းမျဉ်းက လူမျိုးရေးခွဲခြားမှုတွေကို ကာကွယ်ဖို့အတွက် ဖြစ်လာတဲ့ စည်းမျဉ်းဖြစ်ပြီး ကစားသမား တွေက ပါးစပ်ကို လက်နဲ့အုပ်ပြီး ဆဲရေးမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေ လုပ်လာမှာကို တားဆီးဖို့ ရည်ရွယ်တာပါ။

.

တူရကီနဲ့ ပါရာဂွေးတို့ရဲ့ ပွဲမှာ ပွဲချိန် ပထမပိုင်းမှာတင် ပါရာဂွေးက ဦးဆောင်ဂိုး ရသွားခဲ့ပြီးတဲ့နောက် ကစားသမားတွေအကြား တင်းမာမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ရန်ပွဲအသွင်ကို ဆောင်လာခဲ့တာပါ။

.

ပထမပိုင်း ပြီးခါနီး ဖြစ်ပျက်ခဲ့တဲ့ နှစ်သင်းကစားသမားတွေအကြား အငြင်းပွားမှုမှာ အယ်လ်မီရွန်က တူရကီရဲ့ မူလ်ဒါ ကို ပါးစပ်ပိတ်ပြီး တစ်စုံတစ်ခု ပြောလိုက်တဲ့အပေါ် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ချက်ချင်း ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages