.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် သီပေါမြို့များတွင်
ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး ဆိုင်ကယ် ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားနေသည်ဟု
ဒေသခံများထံက သိရသည်။
.
.သီပေါမြို့၊ ဝက်ဝံဈေးအနီးတွင် ယမန်နေ့ ဇွန်လ ၃ ရက်၊
နံနက်ပိုင်းက ဒေသခံတစ်ဦး ဆိုင်ကယ်ရပ်၍ ဈေးဝယ်နေစဉ် ၎င်း၏ MDY-58W/27789 နံပါတ်ပါ ထိုင်းနိုင်ငံထုတ် Wave အဖြူရောင်ဆိုင်ကယ် ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
“လိုင်စင်ဘီးပါ။ သက်တမ်းမတိုးရသေးဘူး။ ယိုးဒယားဘီး၊
ရှေ့ကာ နည်းနည်း ကွဲနေတယ်။ ရဲကိုတော့ ပြောထားတယ်” ဟု ဆိုင်ကယ်ခိုးယူခံရသူက ပြောသည်။
.
အလားတူ ဇွန်လ ၂ ရက်၊ နံနက်ပိုင်းကလည်း ကျောက်မဲမြို့၊
ရပ်ကွက် (၄) တွင် Scoppy 2021 အနက်ရောင် ဆိုင်ကယ်တစ်စီး နေအိမ်အတွင်း
ရပ်ထားစဉ် ဆိုင်ကယ်ခိုးယူသူ ၂ ယောက်က ဝင်ရောက်ခိုးယူသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကျောက်မဲ၊ သီပေါ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း
ဒေသတွင် ကား၊ ဆိုင်ကယ် ခိုးယူမှုများ၊ နေအိမ်ဖောက်ထွင်းခိုးယူမှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment