.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
.
အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့အတူ
အစ္စရေးနဲ့ လက်ဘနွန်တို့ မနေ့က ဇွန်လ ၃ ရက်မှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်
ရရှိသွားခဲ့ကြပါပြီ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ဒီနှစ်နိုင်ငံအကြား
အပစ်ရပ်သဘောတူညီချက် ရသွားပြီဆိုတဲ့အကြောင်း ကြေညာချက် ထုတ်ပေး လိုက်ပါတယ်။
.
.ဒါပေမဲ့ ဒီသဘောတူညီချက်က အီရန်ကနေ
လက်နက်ထောက်ပံ့ထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တွေ ဆက်ပြီး တိုက်၊ မတိုက် ဆိုတဲ့အပေါ်မှာ
မူတည်နေပြီး သူတို့ဖက်က ပစ်ခတ်မှုတွေ ရှိလာပြီဆိုတာနဲ့ စစ်ပွဲ ပြန်စမှာ ဖြစ်သလို
အပစ်ရပ်စာချုပ်လည်း အလိုလိုပျက်ပြယ်သွားမှာပါ။
.
မနေ့က မနက်ပိုင်းမှာပဲ
အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်တောင်ပိုင်းမှာ လူ ၉
ဦးသေဆုံးခဲ့ပြီး ဟစ်ဇ်ဘိုလာတွေကလည်း အစ္စရေးမြောက်ပိုင်းကို ဒုံံးကျည်တွေနဲ့
ပစ်ခတ်မှုတွေ ရှိနေသေး တာပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ သဘောတူညီချက်က ချက်ချင်းဆိုသလို
ဖြစ်သွားခဲ့လို့ အပစ်ရပ်စဲရေး အခြေအနေကို လူတွေ စောင့်ကြည့်ချင်စရာ
ဖြစ်သွားခဲ့ကြတာပါ။
.
အမေရိကန်ရဲ့ကြေညာချက်မှာတော့ “အစ္စရေးနဲ့ လက်ဘနွန်အကြား အနာဂတ်ဆက်ဆံရေးကို အာဏာပိုင် အစိုးရနှစ်ရပ်ကသာ
ဆုံးဖြတ်ရမှာဖြစ်တဲ့အကြောင်းနဲ့ ဘယ်နိုင်ငံကမှ ဓားစာခံ ဖမ်းဆီးတာမျိုး၊
တိုက်ခိုက်မှု စတင်ပြုလုပ်တာမျိုး မလုပ်ရမယ့်အကြောင်း” ပါရှိပါတယ်။
.
ဒါ့အပြင် အစ္စရေးက ထိန်းချုပ်ထားတဲ့
လက်ဘနွန်တောင်ပိုင်းဒေသ လီတာနီမြစ်ကနေ နယ်စပ်အထိ ဧရိယာအားလုံးကနေ ဟစ်ဇ်ဘိုလာ
တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရမယ်ဆိုတဲ့အချက်ကလည်း သဘောတူညီချက် ထဲမှာ ပါနေပါသေးတယ်။
.
အစ္စရေးနဲ့ လက်ဘနွန် နိုင်ငံခေါင်းဆောင်တွေကို
ဇွန်လ ၂၂ ရက်နေ့မှာ တွေ့ဆုံစေပြီး အပြီးသတ် သဘော တူညီချက် ရယူပေးဖို့ အမေရိကန်က
စီစဉ်နေပေမဲ့လည်း ဟစ်ဇ်ဘိုလာ ဖက်ကတော့ တုန့်ပြန်မှုတွေမရှိဘဲ ငြိမ်သက်နေတာကို
တွေ့ရပါတယ်။
.
ဒါ့အပြင် ဟစ်ဇ်ဘိုလာဖက်ကတော့ လက်ဘနွန်နဲ့ အစ္စရေး
ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ ရလာဒ်တွေကို လိုက်နာမှာ မဟုတ်တဲ့အကြောင်း
ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ကောင်စီဝင် ကာမာတီက ပြောဆိုထားပါတယ်။
.
Source – BBC
.

No comments:
Post a Comment