ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်အတွင်း
ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ စက်သုံးဆီဈေးနှုန်းတွေ
အနည်းငယ်ထပ်ပြီး ကျဆင်း
စက်သုံးဆီဖြန့်ချိရေးလုပ်ငန်း
ကြီးကြပ်ရေးကော်မတီရဲ့ ဇွန်လ ၁၉ ရက် ထုတ်ပြန်တဲ့ ဈေးနှုန်းတွေမှာတော့
စက်သုံးဆီဈေးက ၁၀၀ ကျပ်ဝန်းကျင် ဆက်လက် ကျဆင်းနေတယ်လို့ သိရတာပါ။
.
■ တောင်ကြီး အထက ၄
မှာ ကျောင်းသားကျောင်းသူ ၆၀၀ ကျော်ကို နိုင်ငံသားကတ် ထုတ်ပေး
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြိုရဲ့ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာ ဒီနေ့ မနက်ပိုင်းက
ကျောင်းသားကျောင်းသူ ၆၀၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်နဲ့ UID ခေါ် စမတ်ကတ်တွေ ကွင်းဆင်း ထုတ်ပေးမှု ပြုလုပ်ခဲ့ပါတယ်။
.
■ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့်
မျက်ရည်ကျခဲ့ရတဲ့ မက်ဆီ
အယ်လ်ဂျီးရီးယား အသင်းနဲ့ပွဲမှာ ဂိုးသွင်းခဲ့ပြီးတဲ့နောက် မျက်ရည်တွေ သုတ်နေခဲ့တဲ့ မက်ဆီဟာ သူ့ဖခင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မျက်ရည်ကျခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
No comments:
Post a Comment