အိုင်ဖုန်းတွေ ဈေးတက်ဦးမယ်လို့ တင်ကွတ်ခ် အတည်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 19, 2026

အိုင်ဖုန်းတွေ ဈေးတက်ဦးမယ်လို့ တင်ကွတ်ခ် အတည်ပြု

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်

.

Apple ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ တင်ကွတ်ခ်က အသစ်ထွက်လာမယ့် အိုင်ဖုန်းတွေအနေနဲ့ ဈေးတက်ဦးမှာ ဖြစ်ပြီး ဈေးနှုန်းမြင့်မတင်ဘဲ ရောင်းချလို့ မရနိုင်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

.

.

အဲဒီနောက် တစ်ဆက်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Intel နဲ့ Appel တို့အကြားမှာ သဘောတူညီမှု ရရှိထားပြီး Intel အနေနဲ့ Apple အတွက် ကွန်ပြူတာာ Chip တွေကို အမေရိကန်နိုင်ငံထဲမှာ စတင်ထုတ်လုပ်သွားမှာ ဖြစ်တဲ့အကြောင်း အတည်ပြုပေးလိုက်ပါတယ်။

.

ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာကနေ “Chip တွေကို အမေရိကန်နိုင်ငံတွင်းမှာပဲ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်နိုင်ဖို့ လိုအပ်တာကြောင့် Intel ကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ရေးသားသွားခဲ့တာပါ။

.

အဲဒီကြေညာချက်အပြီးမှာ Intel ရဲ့ ရှယ်ယာဈေးနှုန်းက စတော့ဈေးကွက်မဖွင့်မီ အရောင်းအဝယ်မှာ ၉ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ပါတယ်။ Apple က သူတို့ရဲ့ကုန်ပစ္စည်းတွေဖြစ်တဲ့ iPhone iPad နဲ့ Mac ကွန်ပြူတာတွေမှာ အသုံးပြုတဲ့ Chip တွေကို ထုတ်လုပ်ဖို့အတွက် ထိုင်ဝမ်ကို အဓိက အားထားနေရတာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အမေရိကန်ထဲမှာ ထုတ်လုပ်ရဖို့ ဖြစ်လာတော့မှာပါ။

.

တင်ကွခ်က Wall Street ဂျာနယ်နဲ့ အင်တာဗျူးမှာ Apple ထုတ်ကုန်တွေရဲ့ဈေးနှုန်း မြင့်တက်လာမှာဖြစ်ပြီး အဲဒါကို ရှောင်လွှဲလို့မရနိုင်ကြောင်းနဲ့ AI နည်းပညာ ဖွံ့ဖြိုးလာမှုကြောင့် Memory Chip နဲ့ Storage Chip တွေရဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ဖြစ်ကြောင်း ပြောဆိုလိုက်တာပါ။

.

“ကျွန်တော်တို့အပေါ် ကျရောက်လာတဲ့ ကုန်ကျစရိတ် မြင့်တက်မှုတွေကို လျှော့ချနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ ဖောက်သည်တွေကို ဈေးနှုန်းတိုးမြှင့်ပြီး မရောင်းချင်ပေမဲ့လည်း လက်ရှိအခြေအနေ အရတော့ ထိန်းထားနိုင်တဲ့ အနေအထားမရှိတော့ပါဘူး” လို့ တင်ကွတ်ခ်က ဆိုပါတယ်။

.

ထရမ့်အစိုးရက Intel ကို အရင်ကလည်း ကူညီခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာ Intel ရဲ့ရှယ်ယာတွေမှာ ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ မြှုပ်နှံခဲ့တာပါ။ အဲဒီ မြုပ်နှံမှုကြောင့် အစိုးရက ကုမ္ပဏီရဲ့ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားခဲ့ပြီး Intel ရဲ့ အမေရိကန်နိုင်ငံတွင်း သုတေသနနဲ့ ထုတ်လုပ်ရေးစက်ရုံတွေ တိုးချဲ့ဖို့ကို ကူညီ ပေးဖို့နဲ့ နိုင်ငံတော်လုံခြုံရေးအတွက် အချက်အလက်စင်တာ တစ်ခု တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

.

Source – CNN

.

No comments:

Post a Comment

Pages