ရှမ်းယူနိုက်တက် ယူ (၂၀) နဲ့ ဟံသာဝတီ ယူ (၂၀) ပွဲ ဒီနေ့ကစားမယ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 6, 2026

ရှမ်းယူနိုက်တက် ယူ (၂၀) နဲ့ ဟံသာဝတီ ယူ (၂၀) ပွဲ ဒီနေ့ကစားမယ်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်

.

မြန်မာနေရှင်နယ်လိဂ်ရဲ့ လူငယ်လိဂ်ပြိုင်ပွဲဖြစ်တဲ့ ယူ (၂၀) ပြိုင်ပွဲမှာတော့ ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းနဲ့ ဟံသာဝတီယူနိုက်တက် ယူ-၂၀ အသင်းတို့ရဲ့ပွဲစဉ်ကို ဒီနေ့ညနေ ၃း၃၀ မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

.

.

ဒီပွဲက ၂၀၂၆ လူငယ်လိဂ်ပြိုင်ပွဲရဲ့ တတိယမြောက်ပွဲစဉ်ဖြစ်ပြီး ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းအနေနဲ့ ရာသီ အဖွင့်ပွဲမှာ ဖယ်လ်ကွန် အက်ဖ်စီ ကို ၁-၁ သရေ၊ ဒုတိယမြောက်ပွဲမှာ ချင်းလန်း အက်ဖ်စီအသင်းကို ၁-၃ နဲ့ အနိုင်ရခဲ့ပြီး လက်ရှိအချိန်အထိ ရှုံးပွဲမရှိ ရပ်တည်နေတာပါ။

.

လူငယ်လိဂ်ပြိုင်ပွဲရဲ့ ဒုတိယပတ်အပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ Galaxy Star အသင်းက တတိယပတ်အစောပွဲစဉ်မှာ ISPE အသင်းကို ရှုံးသွားခဲ့လို့ ရှမ်းယူနိုက်တက်သာ ဒီနေ့ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် လက်ရှိ အဆင့် (၅) နေရာကနေ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းနေရာကို တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

.

ဒီနေ့ ညနေ ၃း၃၀ မှာ ရှမ်းယူနိုက်တက် နဲ့ကစားရမယ့်  ဟံသာဝတီယူ-၂၀ အသင်းကလည်း ပြီးခဲ့တဲ့ တစ်ပတ်မှာ ဒဂုံစတားအသင်းကို ၂-၀ နဲ့နိုင်ခဲ့တာမို့ ဒီပွဲက ရှမ်းယူနိုက်တက်အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့တော့ ရှိနေတာပါ။

.

ရှမ်းယူနိုက်တက်ကတော့ အသင်းရဲ့မျိုးဆက်သစ် လူငယ်ကစားသမားလေးတွေကို အားပေးဖို့ ပွဲကျင်းပမယ့် ရန်ကုန်မြို့ ဗဟန်းမှာရှိတဲ့ M3 ကွင်းထဲအထိ လာရောက်ကြဖို့ ပရိသတ်တွေကို ဖိတ်ခေါ်ထားပြီး ကွင်းထဲကို လာမကြည့်နိုင်သူတွေအနေနဲ့လည်း MNL Youtube Channel ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသ ပေးသွားမှာ ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။

.

No comments:

Post a Comment

Pages