.
ပရဟိတအဖွဲ့များ၏
စာရင်းအရ သေဆုံးသူ စာရင်းတွင် ကလေး အပါအဝင် အမျိုးသား ၃၀ ဦး၊
အမျိုးသမီး ၂၅ ဦး၊ စုစုပေါင်း ၅၅ ဦးထိ ရှိနေကာ ဒဏ်ရာ ရရှိသူ ၈၀ ကျော် ရှိကြောင်း သိရသည်။
.
လက်ရှိတွင်
ဒေသခံပြည်သူ အများအပြား သေဆုံး/ဒဏ်ရာ ရရှိခဲ့သော အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ
မြင့်တက်နေလျက် ရှိကာ ပေါက်ကွဲမှု ဖြစ်ပွားရာ ဂိုဒေါင်သည် TNLA
စီးပွားရေးဌာန၏ ကျောက်မိုင်းထုတ်လုပ်ရေး လုပ်ငန်းများတွင်
အသုံးပြုရန် သိုလှောင်ထားသည့် ယမ်းအပျော့စားများ သိုလှောင်ရာနေရာ ဖြစ်ကြောင်းနှင့်
ထိခိုက် ဆုံးရှုံးခဲ့ရသူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ
လုပ်ဆောင်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။
.
TNLA ခေါင်းဆောင်များ
အနေဖြင့် ပေါက်ကွဲမှု ဖြစ်စဉ် အကြောင်းအရင်း အမှန်ကို အသေးစိတ် စုံစမ်း စစ်ဆေးပြီး
တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ရန်၊ ပြည်သူလူထု
အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးအား အထူးဂရုပြုလုပ်ဆောင်ရန် တိုက်တွန်းကြောင်း
TLC က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
.
#KBZTai
#Shan #Namhkam

No comments:
Post a Comment