.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်
.
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ စာမေးပွဲမေးခွန်း ပေါက်ကြားမှုတွေ၊
အမှတ်ပေးစနစ်မှာ ကွဲလွဲမှုအများအပြား ရှိနေခြင်းတွေနဲ့ ပညာရေးနဲ့ အလုပ်အကိုင်ကြား
ဖိအားတွေကြောင့် လူငယ်အများအပြား ဆန္ဒပြနေကြပြီး ပညာရေးဝန်ကြီးကို နုတ်ထွက်ခိုင်းနေကြပါတယ်။
.
.အိန္ဒိယရဲ့လူသိအများဆုံး အွန်လိုင်းပါတီဖြစ်တဲ့
ပိုးဟပ် ပါတီက ဒီဆန္ဒပြမှုကို ဦးဆောင်ခဲ့တာဖြစ်ပြီး ရာနဲ့ချီတဲ့ လူငယ်တွေက
ပူပြင်းတဲ့အပူရှိန်အောက်မှာ လမ်းတွေနဲ့ လူသွားစင်္ကြန်တွေပေါ်မှာ ညအိပ်ကာ
ဆန္ဒပြနေခဲ့ကြ တာပါ။ အစိုးရဖက်ကလည်း ရဲတပ်ဖွဲ့ဝင်တွေ အများအပြားကို
နေရာချထားခဲ့ပြီး ဆန္ဒပြပွဲ ဆယ်ရက်ကျော် ကြာမြင့်လာချိန် မှာတော့ လူငယ်အင်အားက ၂
ဆလောက် တိုးလာခဲ့ပါတယ်။
.
အမေရိကန်နိုင်ငံ၊ ဘော့စတွန်တက္ကသိုလ်ကနေ
ဘွဲ့ရပြီးတဲ့နောက် အိန္ဒိယနိုင်ငံကိုပြန်ရောက်လာတဲ့ အက်ဘ်ဟီဂျိ ဒစ်ကီ က
ဆန္ဒပြမှုရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီး အွန်လိုင်းကနေ စတင်ခဲ့တဲ့ မကျေနပ်မှုတွေ ကတစ်ဆင့်
လူငယ်တွေကို လမ်းပေါ်ကို ခေါ်ထုတ်လာခဲ့တာပါ။
.
အိန္ဒိယနိုင်ငံရဲ့လူဦးရေ ၁ ဒသမ ၄ ဘီလီယံထဲက
တစ်ဝက်ဟာ အသက် ၂၅ နှစ်အောက် လူငယ်တွေ ဖြစ်ကြပြီး အလုပ်အကိုင်ရရှိမှု နည်းပါးတာတွေ၊
ပညာရေးစနစ် ညံ့ဖျင်းနေတာတွေကို မကျေနပ်ကြလို့ လမ်းပေါ်ထွက်လာခဲ့ကြတာပါ။ သူတို့က
အိန္ဒိယရဲ့လက်ရှိပညာရေးဝန်ကြီး ဒါမန်ဒရါ ပရာဒန် ကို နုတ်ထွက် ပေးဖို့
တောင်းဆိုနေကြတာပါ။
.
ဆန္ဒပြပွဲတွေက ဇွန်လ ၆ ရက်နေ့ကတည်းက
စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ မွန်ဘိုင်း၊ ဘန်ဂါလူရူနဲ့ နက်ပူရ်အပါအဝင်
မြို့ကြီးတွေဆီကို ပျံ့နှံ့သွားခဲ့တာပါ။ ဆန္ဒပြပွဲမှာ အသက် ၁၈ နှစ်ကနေ ၂၅
နှစ်အရွယ် လူငယ်အများစု ပါခဲ့ကြပြီး ဆန္ဒပြစခန်းတွေကိုပါ ဖွင့်လှစ်ထားခဲ့ကြတာပါ။
.
စာမေးပွဲမေးခွန်းပေါက်ကြားမှုတွေကို
တားဆီးဖို့အတွက် အိန္ဒိယအစိုးရက တယ်လီဂရမ်အသုံးပြုခွင့်ကို နိုင်ငံတွင်းမှာ
ယာယီပိတ်ပင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ စာမေးပွဲ ၂
ကြိမ်တွင်းမှာ အိန္ဒိယ နိုင်ငံအတွင်း ကျောင်းသား ၁၂ ဦးကျော် ကိုယ့်ကိုယ်ကိုယ်
အဆုံးစီရင်ခဲ့ကြပြီး အဲဒီဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲအနေနဲ့လည်း ပညာရေးဝန်ကြီး
နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပိုပြင်းထန်လာခဲ့ကြတာပါ။
.
ဇွန်လ ၂၀ ရက် ညနေပိုင်းက စပြီး ဒေလီရဲတပ်ဖွဲ့က
ဆန္ဒပြသူတွေကို နေရာကနေ ဖယ်ရှားဖို့ ဖိအားပေး နည်းလမ်းတွေ အသုံးပြုခဲ့ကြပြီး
ရေနဲ့အစားအသောက် ရရှိမှုကို ခေတ္တဖြတ်တောက်ခြင်းတွေကိုပါ အသုံးပြုခဲ့ကြ ပါတယ်။
.
ဒစ်ကီနဲ့ သူ့ရဲ့ထောက်ခံသူတွေကတော့ ပညာရေးဝန်ကြီး
နုတ်ထွက်တဲ့အချိန်အထိ နေရာကနေ ထွက်ခွာမှာ မဟုတ်တဲ့အကြောင်း အခိုင်အမာ
ပြောဆိုထားကြတာပါ။ တကယ်လို့သာ နုတ်ထွက်မှု ဖြစ်လာခဲ့မယ် ဆိုရင်တော့ ဒီဖြစ်ရပ်က
ဝန်ကြီးချုပ်မိုဒီရဲ့ ၁၂ နှစ်တာကာလအတွင်း ပထမဆုံးသော ပြည်ထောင်စုဝန်ကြီး
နုတ်ထွက်မှုလည်း ဖြစ်လာဖို့ရှိနေပါတယ်။
.
Source – BBC
.

No comments:
Post a Comment