ဆော်ဒီကို ဂိုးပြတ် သွင်းမယ့် စပိန်နဲ့အတူ ဇွန်လ ၂၁ ရက် ကမ္ဘာ့ဖလား ခန့်မှန်းချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

ဆော်ဒီကို ဂိုးပြတ် သွင်းမယ့် စပိန်နဲ့အတူ ဇွန်လ ၂၁ ရက် ကမ္ဘာ့ဖလား ခန့်မှန်းချက်



စပိန် - ဆော်ဒီ (ည ၁၀-၃၀)
.

ပြီးခဲ့တဲ့ ပွဲတုန်းက စပိန်တို့ ကိပ်ဗာဒီ ကို သရေ ကျခဲ့ပေမယ့် အခြားပွဲစဉ် ဖြစ်တဲ့ ဥရုဂွေးကပါ သရေ ကျခဲ့လို့ သက်သာရာ ရသွားခဲ့တယ်လို့ ပြောရမယ်။ အုပ်စုတွင်းမှာ အကုန် တစ်မှတ်စီ ဖြစ်နေကြပြီး အမှတ် ညီနေတဲ့ အနေအထားမို့ လာမယ့်ပွဲစဉ်တွေက အရေး ကြီးလာကြပြီလို့လည်း ပြောရမှာပါ။
.
စပိန်ကတော့ ပထမ တစ်ပွဲမှာတင်ပဲ မှတ်သွားလောက်ပါပြီ။ တိုက်စစ်မှာ ယာမယ်ကို ချန်မှာ မဟုတ်သလို အိုလ်မို၊ အိုယာဇာဘယ်တို့နဲ့ တိုက်စစ်မှာ လူစုံ ထုတ်တော့မှာပါ။ ကွင်းလယ်မှာ ပီဒရီ၊ ရိုဒရီနဲ့ ရုဇ် တို့အတွဲ ကစားမှာ ဖြစ်ပြီး ခံစစ်မှာ လာပေါ်တေးနဲ့ ကူဘာဆီ တို့ ကစားသွားကြဖို့ ရှိနေတာပါ။
.
ဆော်ဒီကတော့ ဥရုဂွေးကို သရေခံ ကစားခဲ့တဲ့ ပွဲစဉ်အတိုင်း ပွဲထွက်လာဖို့ ရှိနေပြီး အယ်လ်ဒေါ်ဆာရီ က ဆော်ဒီ တိုက်စစ်ကို ဦးဆောင်လာပါလိမ့်မယ်။
.
ထိပ်တိုက် တွေ့ဆုံမှုတွေမှာတော့ ဆော်ဒီက စပိန်နဲ့ တွေ့တိုင်း ဂိုးပြတ်ရှုံးခဲ့တာ များပါတယ်။ ဥရုဂွေးဆီကနေ အမှတ် ရခဲ့တယ်ဆို ပေမယ့် စပိန်သာ တိုက်စစ်ကို ဖိဖိစီးစီး ကစားလာခဲ့ရင် ဆော်ဒီတို့ သေချာပေါက် ဂိုး ပေးရမှာပါ။ ပထမပွဲတုန်းက သရေကျခဲ့ရလို့ စပိန်က ဒီပွဲမှာ ပေါက်ကွဲလာဖို့ ရှိနေပြီး စပိန် ဂိုးပြတ်နိုင်မယ့် ပွဲမျိုး ဖြစ်လာပါလိမ့်မယ်။
.
ဘယ်လ်ဂျီယံ - အီရန် (နံနက် ၁-၃၀)
.
ဒီအုပ်စုကလည်း စပိန်တို့ အုပ်စုလိုပဲ တစ်သင်းကို တစ်မှတ်စီသာ ရထားကြသေးတာမို့ လက်ကျန်ပွဲတွေက အကြိတ်အနယ်ပါ။ အဖွင့် ပွဲစဉ်တုန်းက အီဂျစ်ကို အနိုင် မကစားနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ က နယူးဇီလန်ကို အနိုင် မကန်နိုင်ခဲ့တဲ့ အီရန်နဲ့ တွေ့ရမှာပါ။
.
ပြီးခဲ့တဲ့ ပွဲမှာ အရန်ခုံ ထိုင်ခဲ့ရတဲ့ လူကာကူ က ဒီပွဲမှာတော့ ပွဲထွက်လာဖို့ ရှိနေပြီး ထရာ့ဆတ်၊ ဒီဘရိုင်း၊ ကီတီလာရေး တို့က ကွင်းလယ် တိုက်စစ် ကစားမှာပါ။ ဒီပွဲအတွက် ဘယ်လ်ဂျီယံရဲ့ တောင်ပံကစားသမား ဒိုကု က အဖျားရောဂါကြောင့် လွဲဖို့ များနေပြီး သူသာ မပါနိုင်ဘူးဆိုရင် ဘယ်လ်ဂျီယံတိုက်စစ်က ပိုပြီး ရုန်းကန်ရဖို့ ရှိပါတယ်။
.
အီရန်ကတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အောက်ခြေနားမှာ ရှိတဲ့ နယူးဇီလန်ကို နောက်ကနေလိုက်ပြီး သရေတစ်မှတ် ယူထားရတာပါ။ ဘောလုံး ပိုင်ဆိုင်ခွင့်၊ ဂိုးပေါက်တည့်မှုတွေမှာ အသာ မရခဲ့သလို ကစားပုံကလည်း အားရစရာ မရှိပါဘူး။
.
နယူးဇီလန်လို တိုက်စစ်ကိုတောင် ဂိုးပေးခဲ့တဲ့ အီရန်ခံစစ်က ဘယ်လ်ဂျီယံကို သေချာပေါက် ဂိုးပေးရမှာပါ။ ဂိုးပြတ် မပြတ် မပြောနိုင်ပေမယ့် ဘယ်လ်ဂျီယံအသင်း သေချာပေါက် ၃ မှတ် ရသွားမယ့် ပွဲမျိုးပါ။
.
ဥရုဂွေး - ကိပ်ဗာဒီ (နံနက် ၄-၃၀)
.
စပိန်နဲ့ ပွဲတုန်းက ခံစစ် အစွမ်းပြပြီး တစ်မှတ်ရခဲ့တဲ့ ကိပ်ဗာဒီအသင်းက ဒီပွဲမှာလည်း ဥရုဂွေးတိုက်စစ်ကို ဆက်လက် တောင့်ခံနိုင်မလား စောင့်ကြည့်ရမှာပါ။ ဥရုဂွေးကလည်း နူနက်ဇ်ကို တိုက်စစ်ထားကာမှ တိုင်ပတ်နေပြီး ဆော်ဒီကိုတောင် မနည်း သရေကျအောင် ကစားထားရတယ်။
.
ဥရုဂွေးရဲ့ ဗယ်လ်ဗာဒီ၊ ဘန်တန်ကာ၊ အူဂါတေး ကွင်းလယ်က မဆိုးပေမယ့် တိုက်စစ်မှာ အားကိုးရမယ့်သူ မရှိတာက ပြဿနာ တစ်ခု ဖြစ်နေတာပါ။ ကာဗာနီ၊ ဆွာရက်ဇ် ခေတ်အလွန် ဥရုဂွေး တိုက်စစ်မှာ ရီးယဲလ်အိုဗီဒို တိုက်စစ်မှူးလေး ဗီနပ်စ် ကို အားကိုးရဖို့ပဲ ရှိပြီး ဒီပွဲမှာလည်း နူနက်ဇ်ရဲ့ နေရာမှာ သူ ပွဲထွက်လာနိုင်ပါတယ်။
.
သေချာတာကတော့ ကိတ်ဗာဒီ က ဒီကမ္ဘာ့ဖလားကို ခံစစ် ပိတ်ဆော့ဖို့ သက်သက်နဲ့တော့ ရောက်လာမှာ မဟုတ်ဘူး ဆိုတာပါပဲ။ သူတို့ရဲ့ ပျင်းစရာ ကစားပုံကြီးကို လာပြပြီး ထွက်သွားတာထက်စာရင် အပြန်အလှန် တိုက်ပြီး ထွက်သွားတာမျိုးကိုပဲ ရွေးဖို့ သေချာပါတယ်။
.
အထူးသဖြင့် တိုက်စစ် အားနည်းတဲ့ ဥရုဂွေးဖက်ကို တိုက်စစ် ပြန်ကစားကြည့်ဖို့ ကြိုးစားလာနိုင်တယ်။ ဥရုဂွေးက ယုံချင်စရာ မကောင်းဘူး ဆိုပေမယ့်လည်း ဗယ်လ်ဗာဒီကြောင့် တစ်ဂိုး လောက်ကတော့ ရသွားနိုင်ပါတယ်။ ဥရုဂွေး ၃ မှတ်ရမယ့် ပွဲမျိုးပါ။
.
နယူးဇီလန် - အီဂျစ် (နံနက် ၇-၃၀)
.
အီဂျစ်က အုပ်စု G ရဲ့အား အကောင်းဆုံး ဖြစ်တဲ့ ဘယ်လ်ဂျီယံကို သရေ ကစားပြီးပြီမို့ နယူးဇီလန်နဲ့ အီရန်တို့ ဆီကနေ အမှတ်ပြည့်တွေ ယူနိုင်ဖို့ ကြိုးစားရတော့မှာပါ။
.
ဘယ်လ်ဂျီယံနဲ့ ပွဲမှာ ကစားပုံ ကောင်းခဲ့ကြတဲ့ မာမွတ်၊ ဆာလက်နဲ့ အက်စ်ဟာ တို့ တိုက်စစ်အတွဲကို ဒီပွဲမှာ ထပ်တွေ့ရဦးမှာ ဖြစ်ပြီး သူတို့ရဲ့ ထုံးစံအတိုင်း တိုက်စစ် ကစားဖို့ ကြိုးစားလာကြဦးမှာပါ။ နယူးဇီလန်ကတော့ အီရန်နဲ့ပွဲမှာ ကစားအားရော၊ ဂိုးသွင်းအားရော ကောင်းခဲ့ပေမယ့် အီဂျစ်ကိုတော့ အဲဒီလို သွားလုပ်လို့ ရမှာ မဟုတ်ဘူး။
.
ဒီပွဲကို နိုင်ထားမှသာ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက် ရှိမှာမို့ အီဂျစ်တို့ ဒီပွဲကို ၃ မှတ် သေချာပေါက် ရအောင် ကစားမှာ ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages