ကွင်းထဲမှာ ထပ်ပြီး လဲကျခဲ့တဲ့ အဲရစ်ဆင်ကြောင့် ဒိန်းမတ်နဲ့ ယူကရိန်းပွဲ ဖျက်ခဲ့ရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 8, 2026

ကွင်းထဲမှာ ထပ်ပြီး လဲကျခဲ့တဲ့ အဲရစ်ဆင်ကြောင့် ဒိန်းမတ်နဲ့ ယူကရိန်းပွဲ ဖျက်ခဲ့ရ



မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ယူကရိန်းအသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် တစ်ယောက် ကွင်းထဲမှာ လဲကျသွားခဲ့တာမို့ အားလုံး အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာ ရုတ်တရက် လဲကျသွားခဲ့တာ ဖြစ်ပြီး ဆေးဖက်ဆိုင်ရာအဖွဲ့တွေ ချက်ချင်းဝင်ရောက်ကုသမှု ပြုလုပ်ပေးခဲ့ရတာပါ။
.
ကစားသမားတွေကလည်း သူ့ဘေးမှာ ဝိုင်းရံ ကာပေးကြတာကို တွေ့ရပြီး ပွဲကို ခဏ နားခဲ့ရတာပါ။
ကံကောင်းစွာနဲ့ အဲရစ်ဆင်တစ်ယောက် သတိ ပြန်ရလာခဲ့ပေမယ့် နှစ်ဖက်ကစားသမားတွေကတော့ ပွဲကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဒိန်းမတ်က ၂-၁ နဲ့ နိုင်နေချိန်မှာ ပွဲရပ်ခဲ့ကြတာ ဖြစ်ပါတယ်။
.
လက်ရှိမှာတော့ အဲရစ်ဆင်ကို ဒိန်းမတ်‌ဘောလုံးအဖွဲ့ချုပ်နဲ့ ဆရာဝန်တွေက ဆေးရုံ ပို့ဆောင်ပေးထားပြီး စစ်ဆေးမှုတွေကို ဆက်လက် ပြုလုပ်နေပါတယ်။
.
အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ စပါးနဲ့ မန်ယူကွင်းလယ်လူဟောင်း အဲရစ်ဆင် ဟာ ယူရို ၂၀၂၀ တုန်းကလည်း ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ဒုတိယပိုင်းမှာ နှလုံးဖောက်ပြီး ကွင်းထဲမှာ လဲကျခဲ့ဖူးတာပါ။ အဲဒီတုန်းက သူ့ရဲ့ နှလုံး အလုပ် မလုပ်တော့ဘဲ ရပ်သွားခဲ့လို့ ဒိန်းမတ်အသင်းခေါင်းဆောင် ဆိုင်မွန်ခါဂျာ က အရေးပေါ် ကယ်ဆယ်ရေး လုပ်ပေးခဲ့ရသလို ကွင်းထဲမှာ နှလုံးနှိုးစက်နဲ့ ကုသမှု ခံယူခဲ့ရတာပါ။
.
ဒီတစ်ကြိမ်မှာတော့ အဲရစ်ဆင် သတိမြန်မြန် ပြန်ရလာခဲ့ပေမယ့် သူ့ရဲ့အခြေအနေ အရတော့ ကမ္ဘာ့ဖလားမှာ ဝင်ရောက် ကစားနိုင်ဖို့ မသေချာတော့ပါဘူး။

.

Source – ESPN
.

#KBZTai #Shan #Eriksen #Football


No comments:

Post a Comment

Pages