ထိုင်း-မြန်မာ နယ်စပ်က စာသင်ကျောင်းတချို့ကို တိုက်ပွဲတွေကြောင့် ပိတ်ထားရကြောင်း ထိုင်းကြေညာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 23, 2026

ထိုင်း-မြန်မာ နယ်စပ်က စာသင်ကျောင်းတချို့ကို တိုက်ပွဲတွေကြောင့် ပိတ်ထားရကြောင်း ထိုင်းကြေညာ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်

.

မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကနေ ထိုင်းဖက်ကို ကျည်ဆန်တွေ ရောက်ရှိလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်အနီးက စာသင်ကျောင်းတချို့ကို ယာယီ ရပ်နားလိုက်တဲ့အကြောင်း ထိုင်းဖက်က ကြေညာလိုက်ပါတယ်။

.

.

ထိုင်းတော်ဝင်တပ်မတော်ရဲ့ ဒုတိယဗိုလ်မှူးကြီး ဂျမ်ဂျာရတ်က တာ့ခ်ခရိုင် မဲဆောက်မှာရှိတဲ့ စာသင်ကျောင်း တချို့ကို ပိတ်ထားရကြောင်းနဲ့ ထိုင်းနိုင်ငံအနောက်ပိုင်း နယ်စပ်တစ်လျှောက်က အခြေအနေတွေကို ထိုင်း စစ်တပ်က အနီးကပ်စောင့်ကြည့်နေတဲ့အကြောင်း ပြောဆိုလိုက်တာပါ။

.

ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်မှုတွေအရ မြန်မာစစ်တပ်က တာ့ခ်ခရိုင် ဟွိုင်မဟာဝန်ကျေးရွာရဲ့ တစ်ဖက်ကမ်းမှာ ရှိတဲ့ မြဝတီမြို့အတွင်းက ရွာတွေမှာ အင်အားတွေ တိုးချဲ့ထားခဲ့ပြီး ဇွန်လ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ တိုက်ပွဲ တွေ ပိုမိုပြင်းထန်လာခဲ့တယ်လို့ သိရတာပါ။ အဲဒီတိုက်ပွဲတွေကနေ ကျည်ဆန်တွေက ထိုင်းနိုင်ငံဖက်ဆီ ကျော်ဖြတ်ဝင်လာခဲ့တာကြောင့် ကျောင်းသားတွေရဲ့လုံခြုံရေးအတွက် စာသင်ကျောင်းတွေကို ယာယီပိတ်ဖို့ ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

.

ထိုင်းစစ်တပ်အနေနဲ့ နယ်စပ်တစ်လျှောက် နေထိုင်သူတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လူအင်အား နဲ့ စက်ကိရိယာတွေကို အသင့်အနေထား ပြင်ထားတယ်လို့လည်း ဂျမ်ဂျာရတ်က ဆိုပါတယ်။

.

အာဏာပိုင်တွေကတော့ နယ်စပ်ဒေသမှာရှိတဲ့ ပြည်သူတွေကို သတိဝီရိယနဲ့နေထိုင်ကြဖို့ တိုက်တွန်းထားပြီး အစိုးရကနေ ထုတ်ပြန်တဲ့သတင်းအခြေအနေတွေကိုလည်း လက်မလွှတ်ဘဲ စောင့်ကြည့်ကြဖို့ အသိပေး ထားပါတယ်။

.

တိုက်ပွဲတွေကြောင့် ထိခိုက်နစ်နာသူတွေရှိလာခဲ့ရင် ဒါမှမဟုတ် သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေ တွေ့လာခဲ့ရင် ထိုင်းအာဏာပိုင်တွေဆီ ချက်ချင်းသတင်းပို့ဖို့ ညွှန်ကြားချက်ထုတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ၂၄ နာရီလုံး တာဝန်ထမ်းဆောင်နေတယ်လို့လည်း ထိုင်းဖက်က အသိပေးထားပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages