၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ယစ်မျိုးလိုင်စင် မရှိဘဲ အရက်နှင့် ဘီယာများ ရောင်းချနေသည့်
ဘားဆိုင် ပိုင်ရှင် ဖြစ်သူ အမျိုးသမီး တစ်ဦး ယမန်နေ့ ဇွန်လ ၂၂ ရက်၊ ညဦးပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း
သိရသည်။
.
တောင်ကြီးမြို့မရဲစခန်း၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ မဟာသုခလမ်းသွယ်ရှိ ဘားဆိုင်၌ တရားမဝင်လိုင်စင်မဲ့ အရက်နှင့် ဘီယာများ ရောင်းချနေသည်ဟူသော သတင်းအရ သွားရောက်
စစ်ဆေးစဉ် ယစ်မျိုးလိုင်စင် မရှိဘဲ အရက်နှင့် ဘီယာများ ရောင်းချနေမှုကို တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။
.
ယစ်မျိုးလိုင်စင်
မရှိဘဲ အရက်နှင့် ဘီယာများ ရောင်းချနေသည့် အမျိုးသမီးမှာ “ဂေ့” food & drink ဆိုင်
ပိုင်ရှင် ဖြစ်ပြီး ၎င်းနှင့်အတူ Mandalay Run၊ Tiger Lager Beer၊ Myanmar Premium၊
ABC Extra Stout တို့ကိုပါ ဖမ်းမိခဲ့ခြင်း ဖြစ်ကာ တောင်ကြီးမြို့မရဲစခန်း၌ အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်
အတွင်း၌ KTV နှင့် Bar များ
အပြိုင်အဆိုင် ပေါများလာနေလျက်ရှိရာ ယင်း စည်းကမ်းမဲ့ ဆိုင်
အချို့ကြောင့် လူငယ်များ ပျက်စီးလာမည်ကို မိဘများက စိုးရိမ်နေလျက်ရှိသည်။
.

No comments:
Post a Comment