.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်
.
ကာတာနိုင်ငံရဲ့အကြီးမားဆုံး
ဓာတ်ငွေ့ထုတ်လုပ်ရေးစက်ရုံမှာ ဇွန်လ ၂၁ ရက် ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး
အနည်းဆုံး လူ ၁၃ ဦး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
.
.ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ
ရက်စ်လက်ဖန် စက်မှုဇုန်အတွင်းမှာ ရှိတဲ့ သဘာဝ ဓာတ်ငွေ့ရည် ထုတ်လုပ်ရေး
စက်ရုံကြီးမှာ နည်းပညာပိုင်းဆိုင်ရာ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရတာပါ။
ပေါက်ကွဲမှုကြောင့် မြို့ရဲ့ကောင်းကင်ယံမှာ လိမ္မော်ရောင်သန်းနေခဲ့ပြီး မြို့ထဲက
နေအိမ်တွေရဲ့ ပြတင်းပေါက်တွေတောင် တုန်ခါသွားခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။
.
ဒီပေါက်ကွဲမှုက ရက်စ်လက်ဖန်ကနေ ၄၃ မိုင်ဝေးတဲ့
ဒိုဟာမြို့အလယ်ပိုင်းအထိတောင် သက်ရောက်ခဲ့ပြီး ဒိုဟာမြို့ထဲမှာနေသူတွေတောင်
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကို ခံစားခဲ့ရတာပါ။
.
ကာတာစွမ်းအင်ဝန်ကြီး အယ်လ်ခါဘီကတော့
ဒီပေါက်ကွဲမှုကြောင့် နိုင်ငံရဲ့စွမ်းအင်တင်ပို့မှုတွေ ရပ်တန့်မှာ မဟုတ်တဲ့အကြောင်းနဲ့
မတော်တဆ ဖြစ်ရပ်သာဖြစ်ပြီး တိုက်ခိုက်ခံရတာမျိုး မဟုတ်တဲ့အကြောင်း အတည်ပြု ထားပါတယ်။
.
ရက်စ်လက်ဖန် ဆိပ်ကမ်းက ကမ္ဘာ့အကြီးဆုံး
ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ စက်ရုံ တည်ရှိရာ နေရာလည်း
ဖြစ်တာပါ။ ဒီဆိပ်ကမ်းက ၂၀၂၆ အစောပိုင်းမှာ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှု တွေကိုလည်း
ခံခဲ့ရဖူးတဲ့နေရာပါ။
.
စွမ်းအင်ဝန်ကြီးက အစိုးရအနေနဲ့
စက်ရုံမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုရဲ့အကြောင်းရင်းကို စုံစမ်းဖော်ထုတ် နေကြောင်း
ပြောဆိုခဲ့ပြီး ဒီပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု
အန္တရာယ်မရှိတဲ့အကြောင်း အတည်ပြု ပေးခဲ့ပါတယ်။ စက်ရုံလုပ်ငန်းတွေကိုတော့
ရပ်တန့်ထားရပြီး ပြန်လည်စတင်မယ့်အချိန်ကို တွက်ဆလို့ မရသေးတဲ့အကြောင်း ဝန်ကြီးက
ထပ်ပြောခဲ့ပါသေးတယ်။
.
ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေအားလုံးက
အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံသားတွေဖြစ်ကြပြီး ဒိုဟာမှာရှိတဲ့ အိန္ဒိယသံရုံးနဲ့
ဆက်သွယ်ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့မိသားစုတွေကို
ပံ့ပိုးမှုတွေ လုပ်ပေးသွားမယ့်အကြောင်း အာဏာပိုင်တွေက အသိပေးထားပါတယ်။
.
Source – BBC
.

No comments:
Post a Comment