.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်
.
အီရန်ဘောလုံးအသင်းမှာပါဝင်တဲ့ နည်းစနစ်အကြံပေး၊
စီမံအုပ်ချုပ်အဖွဲ့ဝင်တွေနဲ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဝန်ထမ်းတွေကို အမေရိကန်က
ဗီဇာပေးဖို့ ငြင်းဆန်ခဲ့ပြီး နိုင်ငံထဲ ဝင်ရောက်ခွင့်မပေးတာကြောင့် အီရန် ဖက်က
တာဝန်ရှိသူတွေ ဒေါသထွက်နေကြပါတယ်။
.
.အမေရိကန်တာဝန်ရှိသူတွေက ဇွန်လ ၁၅ ရက်မှဦ
ကျင်းပမယ့် အီရန်ရဲ့ကမ္ဘာ့ဖလား အဖွင့်ပွဲမတိုင်မီ ၁၀ ရက် အလိုမှာ ကစားသမားတွေနဲ့
လိုအပ်တဲ့ထောက်ပံ့ရေးဝန်ထမ်းတွေအတွက် ဗီဇာထုတ်ပေးခဲ့တဲ့အကြောင်း
ကြေညာလိုက်ပြီးတဲ့နောက် အီရန်ဖက်က စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့တာပါ။
.
အီရန်အနေနဲ့ ကမ္ဘာ့ဖလားကို အလွဲသုံးစားလုပ်ပြီး
အကြမ်းဖက်သမားတွေကို အမေရိကန်နိုင်ငံထဲ ထည့်သွင်း ခြင်းကို
ခွင့်ပြုမှာမဟုတ်တဲ့အကြောင်း အမေရိကန်ဖက်က တုံ့ပြန်ခဲ့ပါတယ်။
.
တူရကီနိုင်ငံမှာ အခြေစိုက်တဲ့ အီရန်သံရုံးက
အမေရိကန်ဟာ အားကစားအပေါ် နိုင်ငံရေးအမြင်နဲ့ စွက်ဖက်မှု တွေ လုပ်နေတယ်လို့
စွပ်စွဲလိုက်ပြီး စီမံခန့်ခွဲရေးအဖွဲ့ဝင်တွေ အများအပြားနဲ့ နည်းစနစ်အကြံပေးတွေ အတွက်
ဗီဇာတွေ ထပ်မံငြင်းပယ်ခဲ့တဲ့အကြောင်း ပြောထားတာပါ။
.
အီရန်သံရုံးတာဝန်ရှိသူတွေက ဖီဖာ ကို
လက်ရှိပြသနာအပေါ် ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး အီရန်အစိုးရနဲ့ နီးစပ်တဲ့
သတင်းတွေအရတော့ အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနဲ့ ဒုဥက္ကဌတို့တောင် အမေရိကန် နိုင်ငံထဲ
ဝင်ရောက်ခွင့် ငြင်းပယ်ခံထားရတယ်လို့ ဆိုပါတယ်။
.
၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါ နဲ့
မက္ကဆီကို နိုင်ငံတွေက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပြီး ဇွန်လ ၁၁ မှာ
စတင်မှာပါ။ အီရန်အသင်းက ၂၀၂၅ မတ်လမှာ အုပ်စုထိပ်ဆုံးနေရာကနေ ခြေစစ်ပွဲ အောင်မြင်ထားတာဖြစ်ပြီး
စစ်မဖြစ်ခင် တစ်နှစ်နီးပါးအလိုကတည်းက ပြိုင်ပွဲဝင်ခွင့်ရရှိထားတာလည်း ဖြစ်ပါတယ်။
.
Source – BBC
.

No comments:
Post a Comment