ဗိုလ်လုပွဲမှာ ကရင်ပြည်နယ်အသင်းကို ရှုံးပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရတဲ့ ရှမ်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 2, 2026

ဗိုလ်လုပွဲမှာ ကရင်ပြည်နယ်အသင်းကို ရှုံးပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရတဲ့ ရှမ်း


၂၀၂၆ ခုနှစ်ရဲ့ တိုင်းနဲ့ပြည်နယ် ယူ(၁၈) အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာတော့ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၁-၀ နဲ့ ရှုံးပြီး ဒုတိယနေရာနဲ့သာ ကျေနပ်လိုက်ရပါတယ်။

.
ဒီပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်တဲ့ ရှမ်းပြည်နယ်အသင်းက ဒီပွဲမှာတော့ သူတို့ရဲ့ အားသန်တဲ့ တောင်ပံတွေ အလုပ် မဖြစ်ခဲ့တဲ့အပြင် ကွင်းလယ်နဲ့ တိုက်စစ် အတွဲ မမိတာကြောင့် ရှုံးသွားခဲ့ရတာပါ။ ရှမ်းပြည်နယ်အသင်းရဲ့ ဘယ်တောင်ပံ တစ်ခုပဲ အကောင်းဆုံး ကစားနေနိုင်ပြီး ကျန်တဲ့ နေရာတွေမှာတော့ ကစားပုံ လိုအပ်ချက်တွေ ရှိနေခဲ့တာပါ။
.



ပွဲချိန် ပထမပိုင်းမှာ ကရင်ပြည်နယ်အသင်းက ဦးဆောင်ဂိုး ရသွားခဲ့ပြီး အဲဒီ တစ်ဂိုးနဲ့ပဲ ပွဲကို ထိန်း ကစားသွားခဲ့တာပါ။ ကရင်ပြည်နယ်အသင်းရဲ့ ညာခြမ်းတိုက်စစ်က ဒီပွဲမှာ တော်တော်လေး ကောင်းခဲ့သလို ခံစစ် ကစားပုံကလည်း ရှမ်းတိုက်စစ်ကို အခက်တွေ့စေခဲ့ပါတယ်။
.
ပွဲချိန် ဒုတိယပိုင်းမှာ ရှမ်းအသင်း ချေပဂိုး လိုနေခဲ့ပေမယ့်လည်း ကရင်ပြည်နယ်အသင်းရဲ့ တန်ပြန် တိုက်စစ်တွေကို စိုးရိမ်ပြီး အားကုန် ဖိမကစားနိုင်ခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးခဲ့ရတယ်လို့ ပြောရမှာပါ။
.
ပြီးခဲ့တဲ့ နှစ်တုန်းက တိုင်းနဲ့ပြည်နယ် ယူ(၁၈)ချန်ပီယံ ဖြစ်ခဲ့တဲ့ ကရင်အသင်းအတွက်တော့ (၂)နှစ် ဆက်တိုက် ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဆွတ်ခူးသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

.
#KBZTai #Shan #U18 #Kayin

No comments:

Post a Comment

Pages