.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်
.
ထိုင်းနိုင်ငံ၊ တော်ဝင်မိသားစုရဲ့ မင်းသမီးကြီး
ပါချရာကီတီယာဘာ နတ်ရွာစံကွယ်လွန်သွားပြီလို့ ထိုင်းနိုင်ငံ
တော်ဝင်နန်းတွင်းဗျုရိုကနေ ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
.
.အသက် ၄၇ နှစ်အရွယ် မင်းသမီးကြီးဟာ ဇွန်လ ၁၁ ရက်၊
ည ၇ နာရီ ၄၈ မိနစ်မှာ နတ်ရွာစံသွားခဲ့တာဖြစ်ပြီး နှလုံးရောဂါ၊
အူမကြီးရောင်ရမ်းပြီး ဝမ်းဗိုက်အတွင်းပိုးဝင်တဲ့ ရောဂါတွေကြောင့်
နတ်ရွာစံသွားခဲ့တာလည်း ဖြစ်ပါတယ်။
.
မင်းသမီးကြီးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ရက်နေ့မှာ နှလုံးရောဂါအခြေအနေကြောင့် သတိလစ်မေ့မြော ခဲ့ရပြီး ဘုရင်ချုလာလောင်ကွန်း
အထိမ်းအမှတ် ဆေးရုံကြီးမှာ တော်ဝင်ဆေးဖက်ဆိုင်ရာအဖွဲ့ရဲ့ အနီးကပ် ကုသမှုကို
ခံယူခဲ့ရတာပါ။
.
အဲဒီတုန်းက မင်းသမီးကြီးဟာ ကိုရတ်ဒေသမှာ
စစ်ဖက်ဆိုင်ရာမှာ အသုံးပြုမယ့်ခွေးတွေကို လေ့ကျင့်ရေး လုပ်နေတုန်း
ရုတ်တရက်လဲကျပြီး သတိလစ်သွားခဲ့ရတာပါ။ အဲဒီနောက် သတိပြန်ရမလာတော့ပဲ ကိုမာ
အခြေအနေထဲကို ဝင်ရောက်သွားခဲ့တာပါ။
.
အဲဒီနောက်ပိုင်းနှစ်တွေမှာ မင်းသမီးကြီး
ရဲ့ကုသမှုအကြောင်းနဲ့ပတ်သက်လို့ ဘာသတင်းမှ မကြားရတော့ဘဲ အများပြည်သူတွေဆီ
သတင်းထုတ်ပြန်ခြင်းလည်း သိပ်မရှိသလောက်ဖြစ်သွားခဲ့ပါတယ်။
.
၂၀၂၅ ခုနှစ်ထဲမှာတော့ နန်းတော်က
မင်းသမီးကြီးရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်မှု တစ်ခု ပြုလုပ်ခဲ့ပြီး
သွေးအတွင်း ပြင်းထန်တဲ့ရောဂါပိုးဝင်နေတာကြောင့် အသက်ရှူစက်နဲ့ ကျောက်ကပ် အထောက်အကူပြုစနစ်တွေ
သုံးနေရတယ်လို့ အသိပေးခဲ့တာပါ။
.
၂၀၂၆ ခုနှစ် မေလမှာတော့ မင်းသမီးကြီးက
ဝမ်းဗိုက်အတွင်း ပိုးဝင်ခြင်းနဲ့ အူမကြီးရောင်ရမ်းခြင်း ပြသနာ တွေ ဖြစ်လာခဲ့ပြီး
နောက်ဆက်တွဲတွေအနေနဲ့ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မမှန်ခြင်း၊
သွေးခဲစနစ်မမှန်ခြင်း တွေပါ ဖြစ်လာခဲ့တာပါ။ ဆရာဝန်တွေက
အဆုတ်နဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကို စက်တွေနဲ့ ဆက်လက် ထိန်းထားခဲ့ပေမဲ့လည်း
ရောဂါပိုးဝင်ရောက်မှုကိုတော့ ထိန်းမထားနိုင်တော့တဲ့အကြောင်း နန်းတော်က မေ ၂၁ မှာ
ထုတ်ပြန်ခဲ့ပါတယ်။
.
မင်းသမီးကြီး ပါချရာကီတီယာဘာ ဟာ ဥပဒေပညာရှင်၊
သံတမန်နဲ့ အမျိုးသမီအကျဉ်းသားအခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး
ထိုင်းတော်ဝင်မိသားစုတွေထဲမှာ အများပြည်သူအကျိုးအတွက် တကယ် အလုပ်လုပ်သူလို့
သတ်မှတ်ခံထားရသလို လူချစ်လူခင်များတဲ့ တော်ဝင်မင်းသမီးတစ်ပါးအဖြစ် ရပ်တည် နိုင်ခဲ့တာပါ။
.
သူမ သတိမလစ်သွားခင်အချိန်အထိ
ထိုင်းနိုင်ငံရဲ့နန်းမွေဆက်ခံရေးမှာ အရေးပါသူတစ်ယောက်အဖြစ်
သတ်မှတ်ခံထားရတာဖြစ်ပြီး လက်ရှိမှာတော့ မင်းသမီးကြီး အေးချမ်းစွာ
ကံတော်ကုန်သွားခဲ့ပြီပဲဖြစ်ပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment