နီကတ် ၃ ကတ်နဲ့ စံချိန်တင်ခဲ့တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 12, 2026

နီကတ် ၃ ကတ်နဲ့ စံချိန်တင်ခဲ့တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်

.

မနေ့ညက ကစားခဲ့တဲ့ မက္ကဆီကိုနဲ့ တောင်အာဖရိက တို့ရဲ့ပွဲကတော့ အနီကတ် ၃ ကတ်အထိ ပြသခံခဲ့ရပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အနီကတ် အများဆုံး အပြခံခဲ့ရတဲ့ အဖွင့်ပွဲအဖြစ် စံချိန်တင်သွားခဲ့တာပါ။

.

.

အိမ်ရှင်မက္ကဆီကို က တောင်အာဖရိက ကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ တောင်အာဖရိက ဖက်က အနီကတ် ၂ ကတ် ထိခဲ့ပြီး မက္ကဆီကိုဖက်ကလည်း ပွဲပြီးခါနီး အနီကတ် တစ်ကတ် ရခဲ့တာပါ။

.

ဒီပွဲမှာ မက္ကဆီကိုက ပထမပိုင်းပွဲချိန် ၉ မိနစ်ကတည်းက ကွင်နိုနီစ် ရဲ့ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြန်အစ ပွဲချိန် ၄၉ မိနစ်မှာ တောင်အာဖရိကနောက်ခံလူ ယာယာဆစ်ဟိုး အနီကတ် အပြခံခဲ့ရတာပါ။ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ကန်သွင်းခွင့်ရတော့မယ့် မက္ကဆီကို တိုက်စစ်က  ဘရိုင်ယန် ဂူတီယာရက်ဇ်ကို အနောက်ကနေ ဖျက်ခဲ့တာကြောင့်ပါ။

.

အဲဒီနောက်ပွဲချိန် ၆၇ မိနစ်မှာ မက္ကဆီကို က ရာအူးလ်ဂျီမီနက်ဇ်ရဲ့ဂိုးနဲ့ ထပ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ တောင်အာဖရိက က ချေပဂိုးရဖို့ ဝေးနေတဲ့အပြင် ပွဲချိန် ၈၂ မိနစ်မှာ နောက်ခံလူ ဇူဝါနီက မက္ကဆီကို ကစားသမားရဲ့ခေါင်းကို လက်နဲ့ရိုက်ခဲ့လို့ VAR ကြည့်ပြီး အနီကတ်နဲ့ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

.

ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ တောင်အာဖရိကရဲ့ တိုက်စစ်ဆင်လာမှုကို ကြမ်းကြမ်းတမ်းတမ်း တားဆီးခဲ့တဲ့ ဆီဇာမွန်တက်စ်တစ်ယောက် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ဒီပွဲက ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အနီကတ်အများဆုံး အဖွင့်ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ရတာပါ။

.

ဒီနှစ်သင်းကတော့ လာမယ့်ပွဲတွေမှာ သူတို့ရဲ့ အဓိက ကစားသမားတွေကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆုံးရှုံး သွားရတော့မှာဖြစ်ပြီး ပိုပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

.

Source – ESPN

.

No comments:

Post a Comment

Pages