အမေရိကန် နှစ် ၂၅၀ မြောက် လွတ်လပ်ရေးဖျော်ဖြေပွဲမှာ အနုပညာရှင်တွေ နုတ်ထွက်ကုန်ကြလို့ ထရမ့် စိတ်ဆိုး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

အမေရိကန် နှစ် ၂၅၀ မြောက် လွတ်လပ်ရေးဖျော်ဖြေပွဲမှာ အနုပညာရှင်တွေ နုတ်ထွက်ကုန်ကြလို့ ထရမ့် စိတ်ဆိုး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

.

အမေရိကန်နိုင်ငံရဲ့ နှစ် ၂၅၀ မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲအတွက် အနုပညာရှင် အများအပြား နုတ်ထွက်ကုန်ကြတာကြောင့် ထရမ့်ကတော့ စိတ်ဆိုးနေပြီး သူ့ရဲ့ဆိုရှယ်မီဒီယာ အကောင့် ကနေ “ပွဲဖျက်ပစ်လိုက်” ဆိုတဲ့ စာသားကို တင်သွားခဲ့ပါတယ်။

.

.

ဒါ့အပြင် ဖျော်ဖြေပေးဖို့ ငြင်းဆန်ခဲ့ကြတဲ့ အနုပညာရှင်တွေကိုလည်း စိတ်ဝင်စားစရာမကောင်းတဲ့သူတွေ၊ ငွေမက်သူတွေဆိုပြီး ဝေဖန်ခဲ့သေးတာပါ။

.

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဖျော်ဖြေမယ်လို့ ကြေညာထားတဲ့ အနုပညာရှင် ၉ ဦးထဲမှာ ဖျော်ဖြေမယ်လို့ ဆက်လက်ဆုံးဖြတ်ထားတဲ့သူက အနည်းငယ်သာရှိနေတော့ပြီး ကျန်တဲ့သူတွေက နုတ်ထွက်ကုန်ကြတာပါ။ အကြောင်းကတော့ ဒီဖျော်ဖြေပွဲစီစဉ်သူတွေထဲမှာ အိမ်ဖြူတော်ပါ ပါလာတယ်ဆိုတာ သိသွားကြတာ ကြောင့်ပါပဲ။

.

Martina McBride The Commodores Young MC နဲ့ Bret Michaels တို့ ပွဲကနေ နုတ်ထွက်သွားခဲ့ကြပြီး ကျန်တဲ့သူတွေကတော့ ဆက်လက်ဖျော်ဖြေဖို့ ဆုံးဖြတ်ထားသူတွေလည်း ရှိကြသလို စဉ်းစားနေဆဲ ဖြစ်တဲ့ သူတွေလည်း ရှိလာကြတာပါ။ ထရမ့်ကတော့ ဒီဖျော်ဖြေပွဲအစား “Make America Great Again” ဆိုတဲ့ လူထုစည်းဝေးပွဲတစ်ခု လုပ်ဖို့ စဉ်းစားနေပြန်ပါတယ်။

.

ဂီတပွဲတော်နဲ့ပတ်သက်ပြီး စီစဉ်မှုတွေ ပြုလုပ်နေတဲ့ Freedom 250 အဖွဲ့ကို ထရမ့်အစိုးရက ၂၀၂၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ရဲ့ CEO ကိုလည်း ထရမ့်ကပဲ ခန့်အပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီအဖွဲ့က ပါတီ လုပ်ငန်းစဉ်တွေနဲ့မဆိုင်ဘဲ ဘက်မလိုက်တဲ့ အဖွဲ့ဖြစ်တယ်လို့ ပြောဆိုထားတာ ရှိပါတယ်။

.

Freedom 250 အဖွဲ့က စနေနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ထရမ့်က ဖွင့်ပွဲ အခမ်းအနားရဲ့အဓိက ဧည့်သည်အဖြစ် ပါဝင်မယ် ဆိုတဲ့အကြောင်း ကြေညာထားတာပါ။

.

အမေရိကန်ကွန်ဂရက်က နိုင်ငံရဲ့ နှစ် ၂၅၀ မြောက် လွတ်လပ်ရေးအထိမ်းအမှတ် ပွဲတွေကို စီစဉ်ကြီးကြပ်ဖို့ ဆိုပြီး America 250 ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဖွဲ့စည်းထားတာလည်း ရှိပါတယ်။ ဒီအဖွဲ့က ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီနှစ်ခုစလုံးကနေ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ် တွေက ဦးဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင်အထိမ်းအမှတ် အစီအစဉ်တွေကိုလည်း လုပ်ကိုင်နေ တာပါ။

.

ဒါပေမဲ့ ထရမ့်က ၂၀၂၅ ခုနှစ်အတွင်းမှာမှ ကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်နဲ့ ထိုက်တန်တဲ့ အထိမ်းအမှတ်ပွဲ ဖန်တီးဖို့ဆိုပြီး အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းရာကနေ Freedom 250 က ထပ်ပြီး ဖြစ်လာခဲ့တာပါ။

.

ကန်းထရီးဂီတ အဆိုတော် တစ်ယောက်ဖြစ်တဲ့ Martina McBride က ဖွင့်ပွဲညမှာ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး Pioson အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Bret Michaels က လွတ်လပ်ရေးနေ့မတိုင်မီ ဇူလိုင် ၃ ရက်မှာ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့နှစ်ယောက်စလုံး ထွက်သွားခဲ့ကြပါတယ်။

.

အနုပညာရှင်တွေက ဒီပွဲအတွက် လာရောက်ချိတ်ဆက်မှုမှာ နိုင်ငံရေးဆိုင်ရာ ပါဝင်ပတ်သက်ချက်တွေ ရှိနေတဲ့အကြောင်း ကြိုတင်ပြောဆိုခဲ့တာမရှိဘူးလို့ တုံ့ပြန်ခဲ့ကြပြီး ဒီပွဲမှာ မဆိုဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ထရမ့်က လောလောဆယ်မှာ ပေါက်ကွဲနေတယ်ဆိုပေမဲ့ ဂီတပွဲကတော့ ဆက်ပြီးဖြစ်လာမယ့် ပုံပါပဲ။

.

Source – BBC

.

No comments:

Post a Comment

Pages