.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
ထိုင်းအစိုးရက ပြင်ဆင်လိုက်တဲ့
နိုင်ငံတော်လူမှုဖူလုံရေးကတ်ရဲ့ သတ်မှတ်ချက် အသစ်တွေကြောင့် ပြည်သူ တွေအကြား
ဝေဖန်မှုတွေ ဆူညံလာခဲ့ပါတယ်။ ဒီစည်းမျဉ်းအရ သားသမီးတွေက မိဘကို ထောက်ပံ့နေရ တယ် ဆိုတဲ့အချက်နဲ့
အခွန်လျှော့ပေးဖို့ တောင်းခံထားတာမျိုး ရှိရင် မိဘဖြစ်သူက လူမှုဖူလုံရေးကတ် ကို
မရနိုင်တော့ဘူးလို့ ပါဝင်တာပါ။
.
.ဒီကတ်ကို ၂၀၁၇ ခုနှစ်ကတည်းက
စတင်ပေးခဲ့တာဖြစ်ပြီး ဝင်ငွေနည်းသူတွေကို တိုက်ရိုက်ကူညီဖို့ဆိုတဲ့ အစီအစဉ်နဲ့ အကောင်အထည်ဖော်ခဲ့တာပါ။
ဒီကတ်ထဲကို အစိုးရက လစဉ် ငွေပမာဏ တစ်ခုထည့်သွင်း ပေးပြီး အစားအသောက်၊ ဈေးဝယ်ရာမှာ
အသုံးပြုနိုင်သလို အစိုးရက သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ဆန်၊ ဆီ စတာတွေကို
သက်သာတဲ့ဈေးနဲ့ ဝယ်နိုင်တာမျိုးပါ။ ဒါ့အပြင် ကား၊ ရထား စတဲ့ ခရီးသွားစနစ်တွေမှာ လျှော့ဈေးနဲ့
သွားလာနိုင်ပြီး ဆေးကုသစရိတ်အဖြစ်လည်း အသုံးပြုနိုင်တာမျိုးပါ။
.
ဒါပေမဲ့ လက်ရှိမှာတော့ သားသမီးတွေက လစာရနေပြီး
မိဘကိုထောက်ပံ့နေရတာမို့ အဲဒီလစာအတွက် အခွန်လျှော့ပေးဖို့
တောင်းဆိုထားတာမျိုးရှိရင် တောင်းဆိုသူရဲ့မိဘအနေနဲ့ လူမှုဖူလုံရေးကတ် လျှောက်ထားလို့
မရနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာတာပါ။
.
ထိုင်းဝန်ကြီးချုပ်ကတော့ အစိုးရအနေနဲ့
ဒီပြဿနာမျိုးကို မမျှော်လင့်ထားကြောင်းနဲ့ လက်ရှိမှာတော့ လျှောက်လွှာစိစစ်မှုတွေ
လုပ်ဆောင်ပြီးဖြစ်တာကြောင့် စည်းမျဉ်းတွေကို ပြောင်းတော့မှာ မဟုတ်တဲ့ အကြောင်း
အတည်ပြုခဲ့ပါတယ်။
.
၂၀၂၆ ခုနှစ်အတွက် လူမှုဖူလုံရေးကတ်
လျှောက်လွှာနဲ့ စစ်ဆေးမှုကို ဘဏ္ဏာရေးဝန်ကြီးဌာန က ဇွန်လ ၄ ရက်မှာ
စတင်ပြုလုပ်ခဲ့ပြီး လက်ရှိကတ် ကိုင်ဆောင်သူတွေအနေနဲ့ ဇွန်လ ၄ ရက်ကနေ ၂၁ ရက်အတွင်း
စည်းမျဉ်းအသစ်တွေအတိုင်း ပြန်လည် အတည်ပြုရမှာလည်း ဖြစ်ပါတယ်။ ကတ်ကိုင်ဆောင်ရမယ့်သူတွေကို
ဇူလိုင် ၁၇ မှာ ကြေညာမှာဖြစ်ပြီး ဩဂုတ်လ ၁ ရက်က စတင်လို့ ထောက်ပံ့မှုတွေကို
ပြန်လည်အသုံးပြုနိုင်မှာ လည်း ဖြစ်ပါတယ်။
.
လက်ရှိမှာတော့ ထိုင်းနိုင်ငံအတွင်းမှာ
လူမှုဖူလုံရေးကတ် အသုံးပြုနေသူ ၁၃ သန်းကျော် ရှိတယ်လို့ စာရင်းအချက်အလက်တွေအရ
သိရပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment