ကလောမြို့နယ်တွင် ၄၀၀ ဗို့ ဓါတ်အားလိုင်းကြိုး ခိုးယူခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 5, 2026

ကလောမြို့နယ်တွင် ၄၀၀ ဗို့ ဓါတ်အားလိုင်းကြိုး ခိုးယူခံရ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ကုန်းပေါ်ကျေးရွာတွင် မေလ ၂၈ ရက်၊ နံနက်အစောပိုင်းက ၄၀၀ ဗို့ ဓါတ်အားလိုင်းကြိုးများ ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ ကုန်းပေါ်ကျေးရွာသို့ ၃၃/၀.၄ ကေဗွီ ထရန်စဖော်မာမှ ကိုယ်ထူ ကိုယ်ထ ဓါတ်အားဖြန့်ဖြူးပေးနေသည့် ၄၀၀ ဗို့ ဓါတ်အားလိုင်း အခန်း ၅ ခန်းရှိ HDBC No.4 (၄) ကြိုး၊ ခန့်မှန်းအရှည်ပေ ၅၀၀ ခန့်အား မတ်လ ၂၈ ရက်၊ နံနက် ၁ နာရီအချိန်ခန့်က ဖြတ်တောက်ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဓါတ်အားလိုင်းကြိုး ခိုးယူခံရမှုနှင့် ပတ်သက်၍ ကလောပင်မဓါတ်အားခွဲရုံဝန်ထမ်း ဇင်မင်းထက် ဆိုသူအား ခိုးယူခံရသည့် မီးကြိုးများနှင့်အတူ မေလ ၂၈ ရက်က ဖမ်းဆီးရမိခဲ့ပြီး ကျန် ခိုးယူသူများဖြစ်သော မောင်မောင် (ခ) မောင်မောင်လွင်၊ ကောင်းမြတ်သူ (ခ) ကောင်းထက်ဇော်၊ သန့်ဇင်ဦးတို့ ၃ ဦးကို မေလ ၃၁ ရက်တွင် ကလောမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

ဓါတ်အားလိုင်းကြိုး ခိုးယူခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူများအား ကလောမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages