နမ့်စန်တွင် မေတ္တာရှင် (အခမဲ့) နာရေးကူညီမှု တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကျွတ်လွတ်ပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 6, 2026

နမ့်စန်တွင် မေတ္တာရှင် (အခမဲ့) နာရေးကူညီမှု တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကျွတ်လွတ်ပွဲ ပြုလုပ်



ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မေတ္တာရှင်(အခမဲ့)နာရေးကူညီမှုအသင်း တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျွတ်လွတ်ပွဲကို ယနေ့ ဇွန်လ ၆ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ကျွတ်လွတ်ပွဲအဖြစ် နမ့်စန်မြို့ရှိ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းမှ ကျောင်းထိုင်ဆရာတော် ၁၁ ပါးအား ပင့်ဖိတ်ကာ မြို့မသုဿန်ရှိ ဇရပ်တွင် တရားတော်နာယူရေစက်သွန်းချ အမျှပေးဝေ‌ကာ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

.




“ နှစ် ၂၀ အတွင်း ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့တဲ့ နာရေးပေါင်း ၄၀၂၅ ဦးကို ရည်စူးပြီး ကျွတ်လွတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

မေတ္တာရှင်(အခမဲ့)နာရေးကူညီမှုအသင်းကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ရာ ယနေ့တွင် အသင်းတည်ထောင်ခြင်း နှစ် ၂၀ ပြည့်မြောက်ပြီ ဖြစ်ကြောင်း သိရသည်။

.

#KBZTai #Shan #NamSang

No comments:

Post a Comment

Pages