မြန်မာကျောင်းဆရာတွေ ပါဝင်တဲ့ လိုင်စင်မဲ့ စာသင်ကျောင်းတစ်ခု ထိုင်းရဲ ဝင်ဖမ်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

မြန်မာကျောင်းဆရာတွေ ပါဝင်တဲ့ လိုင်စင်မဲ့ စာသင်ကျောင်းတစ်ခု ထိုင်းရဲ ဝင်ဖမ်း

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

.

ထိုင်းနိုင်ငံ၊ ပရီဒီ ဘာနိုမြောင် ဒေသမှာရှိတဲ့ စာသင်ကျောင်း တစ်ကျောင်းကို ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှု ကြီးကြပ်ရေးကနေ ဝင်ရောက်စစ်ဆေးရာ လိုင်စင်မရှိဘဲ သင်ကြားနေတဲ့ကျောင်း တစ်ကျောင်းအဖြစ် တွေ့ရှိခဲ့ရပြီး နိုင်ငံခြားသား ဆရာ၊ ဆရာမ ၆ ဦးကို ဖမ်းဆီးခဲ့ကြပါတယ်။

.

.

စနေနေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ စစ်ဆေးမှုမှာတော့ စာသင်ကျောင်းက တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ် ထားတဲ့ ကျောင်းဖြစ်တဲ့အပြင် နိုင်ငံခြားသားဝန်ထမ်းတွေကိုလည်း တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ ခန့်ထားတာကို တွေ့ခဲ့ရတာပါ။ ဒီကျောင်းက ထိုင်းနိုင်ငံဥပဒေအရ လိုအပ်တဲ့ ကျောင်းလိုင်စင် မရှိပေမဲ့လည်း ဖွင့်လှစ်ထားတာက ၅ နှစ် ရှိနေပြီဖြစ်ပြီး မူကြိုကနေ အထက်တန်းအဆင့်အထိ ကျောင်းသား ၁၀၀ ကျော်ကို သင်ကြားပေးနေတဲ့ ကျောင်းပါ။

.

ဒါ့အပြင် ကျောင်းမှာသင်ကြားနေတဲ့ ဆရာနဲ့ ဆရာမတွေက လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်း မရှိသူတွေ ဖြစ်ကြပြီး စာသင်ကြားနေတာကို တွေ့ရလို့ သူတို့ကိုပါ ဖမ်းဆီးအရေးယူခံခဲ့ရတာပါ။ ဆရာ၊ ဆရာမတွေက ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံသား တွေဖြစ်ကြပြီး လက်ရှိအချိန်မှာတော့ ဥပဒေအရ အရေးယူဖို့အတွက် ခလွန်တန် ရဲစခန်းကို ရောက်နေကြပါတယ်။

.

သူတို့ကို အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ ဗီဇာစည်းကမ်းချက်တွေ ချိုးဖောက်မှု စတာတွေနဲ့ တရားစွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

.

ထိုင်းနိုင်ငံထဲမှာ စာသင်ကျောင်းဖွင့်ဖို့ဆိုရင် ပညာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ လိုင်စင်ရှိဖို့လိုအပ်ပြီး စာသင်ကြားတဲ့ နိုင်ငံခြားသား ဆရာ၊ ဆရာမတွေကလည်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ သင်ကြားခွင့် လိုင်စင် ဒါမှမဟုတ် သင်ကြားမှုခွင့်ပြုချက် ရှိဖို့ လိုအပ်တာဖြစ်ပါတယ်။

.

ထိုင်းနိုင်ငံထဲမှာ လိုင်စင်မရှိတဲ့ စာသင်ကျောင်းတွေကို ဖမ်းဆီးမှု ပိုမိုများပြားလာနေပြီး မြန်မာ၊ ဖိလစ်ပိုင်၊ တရုတ်နဲ့ ရုရှား စတဲ့ နိုင်ငံခြားသား ဆရာတွေက ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages