ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)



ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ စစ်ဆေးရေးဂိတ် တချို့ကို ဖျက်သိမ်း

ရှမ်းပြည်နယ် အတွင်းက စစ်ဆေးရေးဂိတ် တချိုကို ဖျက်သိမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် ကြိုဆိုကြောင်းနဲ့ စစ်ဆေးမှုကို အကြောင်းပြုပြီး ငွေတောင်းတာ၊ ရစ်တာမျိုး လုပ်တဲ့ ဂိတ်တွေကြောင့် ခရီးသွား ပြည်သူတွေ အတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေရတယ်လို ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

.
တာချီလိတ်မှာ တရားမဝင် ရွှေတူးဖော်နေတဲ့ တရုတ်နဲ့ လာအိုနိုင်ငံသား ၁၉ ဦး ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်လန်းကျေးရွာအနီးမှာ ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက တရားမဝင် ရွှေတူးဖော်နေတဲ့ တရုတ်နဲ့ လာအိုနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို သိရပါတယ်။

.
ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာသွားရတဲ့ တူရကီအသင်း

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ပါရာဂွေးအသင်းနဲ့ တူရကီအသင်းတိုရဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ တူရကီအသင်း ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် ၂ ပွဲဆက်တိုက် အရှုံးနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

Pages