.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊
တောင်လေးလုံးကျေးရွာတွင် ယနေ့ ဇွန်လ ၆ ရက်၊ ညနေပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်
ရေကြီးရေလျှံမှုဖြစ်ပြီး အုတ်တံတိုင်းပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ယင်းကဲ့သို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကြီး-မိတ္ထီလာသွား
ပြည်ထောင်စုလမ်းမကြီး ဘေးရှိ Denko စက်သုံးဆီဆိုင်၏ မြောက်ဘက်တွင်
ကာရံထားသည့် အမြင့် ၆ ပေ၊ အရှည် ပေ ၆၀ ခန့်ရှိ အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့ပြီး လူနှင့်
တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
.
ရွှေညောင်မြို့မြောက်ဘက်ရှိ ကျီးဖြူကန် ရေလျှံကာ
တာယောချောင်းရေ တစ်လျှောက်တွင် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment