ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ခရိုင်အလိုက် အမျိုးသမီး ယူ(၁၉) ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ တောင်ကြီးခရိုင်အသင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသင်းကို (၂-၁)ဂိုးနဲ့ နိုင်ပြီး ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။
.
ဒီပြိုင်ပွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ပြုလုပ်တဲ့ပွဲ ဖြစ်ပြီး မေလ ၃၀ ကနေ ဇွန်လ ၅ ရက်နေ့အထိ အသင်း ၉ သင်းက အုပ်စုပတ်လည်စနစ်နဲ့ ရှမ်းပြည်နယ်အားကစားကွင်းမှာ ယှဉ်ပြိုင်ကစား ခဲ့ကြတာပါ။
.
ဗိုလ်လုပွဲနဲ့ ဆုပေးပွဲ အခမ်းအနားကို ဒီနေ့မှာ တစ်ခါတည်း ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး
ပြိုင်ပွဲ၌ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့သည့် အသင်းများနှင့် နေရာအလိုက်
အကောင်းဆုံးဆု ရရှိခဲ့သူများကို ဂုဏ်ပြဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
.
#KBZTai #Shan #Football #WomenU19





No comments:
Post a Comment