.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
.
.
အင်ဒိုနီးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး
ဒုဝန်ကြီး ဆယ်လ်မီ ကာရင် ကို လာဘ်ယူမှုနဲ့ ဖမ်းဆီးလိုက်ပြီ ဆိုတဲ့အကြောင်း
ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
.
၂၀၂၃ ကနေ ၂၀၂၄ ခုနှစ်အတွင်း သမ္မတဟောင်းဝီဒိုဒီု
လက်ထက်မှာ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ကာရင်
ဟာ အဲဒီကာလအတွင်းမှာ အကျင့်ပျက်ခြစားမှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး
ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာပါ။
.
အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပြီး
ကာရင်ရဲ့အမှုနဲ့ပတ်သက်တဲ့ သံသယရှိသူ ၇ ဦးကိုလည်း ဖော်ထုတ်ထားတယ်လို့ သိရပါတယ်။
.
ဒီဖမ်းဆီးမှုက သမ္မတ ဆူဘီယန်တို ရဲ့
အာဟာရချို့တဲ့မှု တိုက်ဖျက်ရေးအတွက် အခမဲ့ကျွေးမွေးရေး အစီအစဉ်ကို ကြီးကြပ်တဲ့
အကြီးအကဲဟောင်း ဒါဒန် ကို ခြစားမှုနဲ့ပတ်သက်လို့ ဖမ်းဆီးပြီး နောက်တစ်ရက်မှာ
ဆက်လက်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
……………………………………………………..
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို
လာရောက်ကြည့်ရှုကြမယ့် ပရိသတ်တွေအနေနဲ့ ကွင်းအတွင်းကို ရေသန့်ဘူး တွေ သယ်ဆောင်ခွင့်
ပြုမှာမဟုတ်တဲ့အကြောင်း ဖီဖာက အသိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့လ အထိ ဖီဖာ
ရဲ့ကြေညာချက်ထဲမှာ ၁ လီတာအထိ ဆန့််တဲ့ ပလတ်စတစ် ရေသန့်ဘူး အကြည်တွေကို ကွင်းထဲအထိ
ယူဆောင်ခွင့်ပေးမယ်လို့ ပါရှိခဲ့ပေမဲ့လည်း ဒီနေ့မှာတော့ စည်းမျဉ်းအသစ်
ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
.
ရေဘူးတွေအပြင် ခွက်တွေ၊ ဖန်ပုလင်းတွေ၊ သံဗူးတွေ
စတဲ့ ပစ္စည်းတွေကိုလည်း တားမြစ်ထားပြီး ကစားသမားတွေရဲ့ ထိခိုက်နိုင်မှုကို
ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဖီဖာက ထုတ်ပြန်ထားတာပါ။
.
ရေဗူးတွေ ခွင့်မပြုဘူးဆိုတဲ့
ထုတ်ပြန်ချက်ကြောင့် ပရိသတ်တွေကတော့ စိတ်ပူနေကြပြီး ပွဲကျင်းပမယ့် နေရာတွေက
အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်ကနေ ၂၈ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တာမို့ ရေဓာတ် လုံလောက်အောင်
ရရှိနိုင်ဖို့ စိုးရိမ်နေကြတာပါ။
………………………………………………………………..
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကတော့
နိုင်ငံရဲ့နျူကလီးယား အင်အားကို အဆပေါင်းများစွာ တိုးချဲ့သွားမယ်လို့
မီဒီယာတွေကနေတစ်ဆင့် ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ စစ်လက်နက် အသုံးပြုနိုင်တဲ့
နျူကလီးယားပစ္စည်းထုတ်လုပ်တဲ့ စက်ရုံအသစ်တစ်ခုကို ကင်ဂျုံအန်က သွားရောက် စစ်ဆေးခဲ့ပြီးတဲ့နောက်
မြောက်ကိုရီးယားရဲ့နျူကလီးယားစွမ်းအင် ကို တိုးချဲ့မယ့်အကြောင်း ကြေညာ လိုက်တာပါ။
.
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ
စစ်လက်နက်အဆင့် နျုကလီးယားပစ္စည်း ထုတ်လုပ်နိုင်စွမ်း ကို ၂ ဆကျော်
တိုးမြှင့်နိုင်ခဲ့ပြီး လက်နက်တွေ ပိုထုတ်နိုင်ဖို့ ၅ နှစ်စီမံကိန်းတစ်ရပ်အဖြစ်
ချမှတ်ခဲ့တာပါ။
.
ဒီ စီမံကိန်းက အမေရိကန်နဲ့
နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်ဘဲ ဖြစ်ခဲ့တဲ့နောက်
စတင်ခဲ့တာဖြစ်ပြီး ဒေါ်နယ်ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်းမှာ စတင်ခဲ့တာလည်းဖြစ်ပါတယ်။
.
အမေရိကန်လွှတ်တော်ရဲ့ အစီရင်ခံစာတွေအရတော့
မြောက်ကိုရီးယားမှာ နျူကလီးယားထိပ်ဖူး ၉၀ အထိ ထုတ်လုပ်နိုင်တဲ့
စွမ်းအင်တွေရှိနေပြီး လက်ရှိမှာ ထိပ်ဖူး ၅၀ လောက်အထိ တပ်ဆင်ထားပြီး
ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားတာ တွေ့ရပါတယ်။
.
Source – CNN
.

No comments:
Post a Comment