.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
.
ထိုင်းနိုင်ငံ၊ ခွန်ကန်ဆေးရုံမှာ ကုသနေတဲ့ လူနာ
တစ်ယောက်ဟာ သူနဲ့နာမည်တူ လူနာကို ဆေးသွင်းရမယ့် အစား သူ့ကို လာရောက် ဆေးသွင်းပေးခဲ့တဲ့အကြောင်း
ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်ပြီးတဲ့နောက် ဆေးရုံကနေ သူ့ကို
လက်ဆောင်ခြင်းတောင်းနဲ့ လာရောက်တောင်းပန်ခဲ့ရပါတယ်။
.
.သနပ်ဖွန် အသီဖတ်ပါဖတ်ခွန် လို့ အမည်ရတဲ့ လူနာက
ဆေးရုံထဲမှာ ကုသမှု ခံယူဖို့ စောင့်ဆိုင်းနေစဉ်မှာပဲ သူနာပြုတစ်ယောက်က
တခြားလူနာအတွက် ရည်ရွယ်ထားတဲ့ဆေးကို ချိတ်ပေးသွားခဲ့တာပါ။ ကံကောင်း တာက အဲဒီ
သွင်းပေးတဲ့ဆေးရည်က သာမန် ဆားရည်ဖြစ်တဲ့ (Sline) ဖြစ်တာကြောင့်
ဘာအန္တရာယ်မှတော့ မဖြစ်ခဲ့ပါဘူး။
.
ခွန်ကန်ဆေးရုံမှာ သနပ်ဖွန် ဆိုတဲ့ နာမည်တူ လူနာ
နှစ်ဦးရှိနေပြီး သူနာပြုခေါ်ဆိုတဲ့ မျိုးရိုးအမည်က သူ့ရဲ့နာမည် မဟုတ်ကြောင်း
ငြင်းဆိုခဲ့ပေမဲ့ မှားယွင်းစွာနဲ့ပဲ ဆေးရည်လာချိတ်ပေးသွားခဲ့တာပါ။
.
ခွန်ကန်ဆေးရုံရဲ့ ညွှန်ကြားရေးမှုဖြစ်တဲ့
ဒေါက်တာပရိုင်ပေါင် ကိုယ်တိုင် လူနာကို သွားရောက် တောင်းပန် ခဲ့ရပြီး
လက်ဆောင်ခြင်းတောင်းလည်း ပေးခဲ့ရပါတယ်။
.
ဆေးရုံတွင်း စစ်ဆေးမှုတွေအရတော့ သူနာပြုက
လူနာမှားနေကြောင်း မသိမီ အချိန်မှာ ဆေးရည်ကို ထိုးသွင်းခဲ့ပြီး ဖြစ်ကြောင်းနဲ့
မှားယွင်းကြောင်း သိသွားပေမဲ့လည်း သာမန်ဆားရည်ဖြစ်နေတာကြောင့် အန္တရာယ်မရှိဘူးလို့
ဆုံးဖြတ်ပြီး ဆက်လက်သွင်းစေခဲ့တာ ဖြစ်တဲ့အကြောင်း တွေ့ရှိရတာပါ။
.
သနပ်ဖွန်ကတော့
ဆရာဝန်ရဲ့လာရောက်ရှင်းပြမှုကြောင့် စိတ်ပူပန်မှု လျော့သွားရတဲ့အကြောင်းနဲ့
သူ့အနေနဲ့ ဆေးရုံအပေါ် နာမည်ပျက်တာမျိုး ဖြစ်သွားဖို့ ဆိုရှယ်မီဒီယာပေါ်
တင်ခဲ့တာမဟုတ်တဲ့အကြောင်း ပြန်လည် ရှင်းပြထားပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment