သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ပထမဆုရ မအိမ့်ချစ်သူအား ‌တောင်ကြီးမြို့နယ် စာရေးဆရာအသင်း က သွားရောက်ဂုဏ်ပြု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ပထမဆုရ မအိမ့်ချစ်သူအား ‌တောင်ကြီးမြို့နယ် စာရေးဆရာအသင်း က သွားရောက်ဂုဏ်ပြု

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်

.

တေရဿမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ အလယ်တန်းအဆင့်တွင် မြန်မာတစ်နိုင်ငံလုံး ပထမဆု ရရှိခဲ့ သည့် တောင်ကြီးမြို့ဂုဏ်ဆောင် မအိမ့်ချစ်သူအား တောင်ကြီးမြို့နယ် စာရေးဆရာအသင်းက ယနေ့ ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် သွားရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့နယ် စာရေးဆရာအသင်း နာယကနှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ စာပေချစ်သူ များက တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်ရှိ အေးမြကရုဏာ ဓမ္မရိပ်သာကျောင်းတိုက်တွင် မအိမ့်ချစ်သူ အား သွားရောက်ဂုဏ်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲမှာ ပထမဆုရလာတဲ့ သမီးလေး မအိမ့်ချစ်သူ ကို တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဝင်တွေ၊ စာပေချစ်သူတွေက လာရောက်ပြီး ဝန်းရံ ဂုဏ်ပြုပေးတာပါ။ စာပေဝါသနာ ပါတဲ့ သမီးလေးကို စာပေနဲ့ ပတ်သက်တာတွေ မျှဝေပေးခဲ့ပါတယ်” ဟု တောင်ကြီးမြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဒေါ်ခင်မြကြီး (ခင်-တောင်ကြီး)က ကမ္ဘောဇတိုင်း သို့ပြောသည်။

.

အခမ်းအနားတွင် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းဝင်များနှင့် စာပေချစ်သူများက မအိမ့်ချစ်သူအား ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စာအုပ်စာပေများကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။

.

ထိူ့နောက် မအိမ့်ချစ်သူအား စာပေဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည့် အကူအညီများ ပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌက ပြောဆိုခဲ့သည်ဟု သိရသည်။

.

No comments:

Post a Comment

Pages