မြန်မာယူ-၁၉ က သေသေချာချာ ပြင်ဆင်ထားတဲ့အသင်းလို့ အင်ဒိုနည်းပြ ပြော - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

မြန်မာယူ-၁၉ က သေသေချာချာ ပြင်ဆင်ထားတဲ့အသင်းလို့ အင်ဒိုနည်းပြ ပြော


အာဆီယံ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်အဖြစ် ကစားရမယ့် မြန်မာနဲ့ အင်ဒိုနီးရှား တို့ရဲ့ ပွဲမတိုင်ခင်မှာပဲ အင်ဒိုနီးရှား နည်းပြချုပ် အာရီယန်တို က မြန်မာအသင်းအပေါ် ချီးကျုးလိုက်ပါတယ်။

.
ဒီပြိုင်ပွဲမှာ ပွဲဦးထွက် ရင်ဆိုင်ရမယ့် မြန်မာအသင်းက အလွန် ကောင်းမွန်တဲ့ အသင်း တစ်သင်းဖြစ်တဲ့ အကြောင်းနဲ့ ပြင်ဆင်မှုတွေလည်း သေချာ ပြုလုပ်ထားတာမို့ ဂရုစိုက်ဖို့ လိုတဲ့အကြောင်း အာရီယန်တို က မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။
.
မြန်မာ အသင်းက အရမ်းကောင်းတဲ့ အသင်းပါ။ ထိုင်းနိုင်ငံမှာလည်း သွားရောက်ပြီး လေ့ကျင့်မှုတွေ လုပ်ထားတဲ့ အသင်း။ ဒါ့အပြင် သက်တမ်းလိုက် ပြိုင်ပွဲဖြစ်တဲ့ ယူ၂၁ လိဂ်မှာလည်း သွားပြီး ကစားထားတာကြောင့် အတွေ့အကြုံ ကောင်းတွေ ရှိမယ်ဆိုတာလည်း သေချာတဲ့ အသင်းပါပဲ။ မြန်မာအသင်းနဲ့ ကစားရမယ့် ပွဲဦးထွက်ပွဲစဉ်က ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်” လို့ အင်ဒိုနီးရှား ယူ၁၉ နည်းပြချုပ် အာရီယန်တိုက ပြောခဲ့တာပါ။
.
မြန်မာယူ-၁၉ အသင်းနဲ့ အင်ဒိုနီးရှား ယူ-၁၉ အသင်းတို့ဟာ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်အဖြစ် ဒီနေ့၊ ဇွန်လ ၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲ မှာ ကစားကြမှာ ဖြစ်ပါတယ်။

.

#KBZTai #Shan #MyanmarU19 #AFC

No comments:

Post a Comment

Pages