ကမ္ဘာ့ဖလားမတိုင်မီ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်တွေကို ထိုင်းရဲတပ်ဖွဲ့နှိမ်နှင်းနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 1, 2026

ကမ္ဘာ့ဖလားမတိုင်မီ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်တွေကို ထိုင်းရဲတပ်ဖွဲ့နှိမ်နှင်းနေ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

.

ဇွန်လ ၁၃ ရက်မှာ စတင်တော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာပဲ အွန်လိုင်းလောင်းကစား ဝက်ဆိုက် တွေကို ထိုင်းရဲတပ်ဖွဲ့က ခြေရာခံနှိမ်နှင်းမှုတွေ ပြုလုပ်နေခဲ့ပြီး ပြီးခဲ့တဲ့ ၂ လအတွင်းမှာ လောင်းကစား ဝက်ဘ်ဆိုက် ၃၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

.

.

အဲဒီဝက်ဘ်ဆိုက်တွေကို ဖမ်းဝရမ်းထုတ်တာ၊ အသုံးပြုလို့မရအောင် လုပ်ဆောင်တာတွေအပြင် ကွင်းဆက် လိုက်ပြီး တရားခံတချို့ကို ဖမ်းဆီးတာတွေကိုပါ ထိုင်းရဲတပ်ဖွဲ့က လုပ်ဆောင်နေတာပါ။

.

ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၅ အောက်တိုဘာကနေ ၂၀၂၆ မေလကုန်အတွင်း လောင်းကစားနဲ့ ပတ်သက်တဲ့ အွန်လိုင်းလင့်ခ် ၇ သိန်းကျော်ကို ပိတ်ဆို့ထားပြီးဖြစ်သလို ဆိုရှယ်မီဒီယာတွေပေါ်က လောင်းကစားနဲ့ပတ်သက်တဲ့ စာမျက်နှာတွေ၊ ကြော်ငြာတွေကိုလည်း ပိတ်ဆို့တာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။

.

အွန်လိုင်းပေါ်က လောင်းကစားကြော်ငြာတွေနဲ့ ဘောလုံးပွဲလောင်းတဲ့ ဝက်ဆိုက်တွေ၊ စလော့ဂိမ်းကြော်ငြာ နေတဲ့ အကောင့်တွေကို ပိုပြီး မြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်ဖို့အတွက် AI စနစ်ကိုပါ ထိုင်းရဲတပ်ဖွဲ့က အသုံးပြုနေတာပါ။

.

လောင်းကစားကုမ္ပဏီတွေ၊ အေးဂျင့်တွေက ငွေပေးချေမှုတွေအတွက် နိုင်ငံဖြတ်ကျော် ငွေပေးချေမှုစနစ် တွေကို အသုံးပြုလာသလို PAYPAL အကောင့်တွေ၊ ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ လက်ခံတာတွေကိုပါ ပြုလုပ် လာတာမို့ ကိုယ့်ရဲ့ဘဏ်စနစ်တွေကို အမြဲစောင့်ကြည့်ကြဖို့နဲ့ သားသမီးတွေကို မျက်ခြေမပြတ်ဖို့ မိဘတွေ ကိုလည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages