.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
ကံကြီးရပ်ကွက်တွင် ဇွန်လ ၂၉ ရက်၊ ညပိုင်းက ဘိန်းစာရွက်ပြုတ်ရည် (ကထွမ့်)
ရောင်းချနေသူတစ်ဦးကို ဖမ်းဆီးအရေးယူခဲ့သည်ဟု သိရသည်။
.
.တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၈ ရက်၊
ညပိုင်းက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်
ထိုင်းနိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာသည့် ဘိန်းစာရွက်ပြုတ်ရည် (ကထွမ့်) ဘူး ၄၀၊
တန်ဖိုး ၁၂ သိန်း ကျပ်ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းစာရွက်ပြုတ်ရည်များ
သယ်ဆောင်ရောင်းချသူ ဆိုင်ရှင် အမျိုးသားအား တောင်ကြီးမြို့မရဲစခန်း တွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) / ၂၁
ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ဒေသအတွင်း ကထွမ့် ခေါ်
ဘိန်းစာရွက်ပြုတ်ရည်ကို နယ်မြို့များ သာမက တောင်ကြီး၊ ဟိုပုံး၊ အေးသာယာကဲ့သို့သော
မြို့များတွင်ပါ ရောင်း/ဝယ်မှုများ ရှိနေပြီး လူငယ်များ အပါအဝင် သုံးစွဲသူ
များပြား လာနေသည့်အတွက် နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များ ရှိလာနိုင်သဖြင့်
ဒေသခံများအကြား စိုးရိမ်ပူပန် မှုများ ရှိနေသည်။
.

No comments:
Post a Comment