.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်
.
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း
လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ ဇွန်လ ၅ ရက် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီ
ဈေးနှုန်းစာရင်းအရ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်စီ ကျဆင်းလာ ကြောင်း သိရသည်။
.
.တောင်ကြီးမြို့၏ စက်သုံးဆီရည်ညွှန်းဈေးတွင် အောက်တိန်း
92 တစ်လီတာလျှင် ၄၇၁၅ မှ ၄၅၁၀ ကျပ်သို့ လည်းကောင်း၊ 95
တစ်လီတာလျှင် ၄၇၉၀ မှ ၄၅၅၅ ကျပ်သို့လည်းကောင်း၊ ဒီဇယ် တစ်လီတာလျှင်
၄၇၅၀ မှ ၄၃၇၅ ကျပ်သို့လည်းကောင်း၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၅၇၁၅ မှ ၅၂၈၀ ကျပ်သို့လည်းကောင်း
အသီးသီး ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
.
စက်သုံးဆီ ရည်ညွှန်းဈေးများကို အပတ်စဉ် သောကြာနေ့တိုင်း
ပြောင်းလဲထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်စီ ကျဆင်းလာနေသော်လည်း
စက်သုံးဆီဆိုင်ကြီးများတွင်မူ နံနက်ပိုင်း ခဏသာ ရောင်းချပေးသဖြင့် ဆီဝယ်ယူရန် ခက်ခဲနေကြောင်း
သိရသည်။
.
ပြင်ပ မှောင်ခို ဈေးကွက်မှာမူ ဆက်လက် ရှိနေဆဲ
ဖြစ်ကာ နေရာဒေသအပေါ် မူတည်၍ စက်သုံးဆီဈေးနှုန်း မှာ တစ်လီတာလျှင် ၇၀၀၀ ကျပ်မှ
၃၀၀၀၀ ကျပ် ဝန်းကျင်ထိ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment