ဇီလန်းစကီးနဲ့ တွေ့စရာ အကြောင်းကို မရှိဘူး လို့ ပူတင် တုံ့ပြန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 6, 2026

ဇီလန်းစကီးနဲ့ တွေ့စရာ အကြောင်းကို မရှိဘူး လို့ ပူတင် တုံ့ပြန်




ယူကရိန်းနဲ့ ရုရှားငြိမ်းချမ်းရေး ဆွေးနွေးကြဖို့အတွက် ဇီလန်းစကီးနဲ့ တွေ့စရာအကြောင်းကို မရှိဘူးလို့ ရုရှားသမ္မတ ပူတင် က တုံ့ပြန်လိုက်ပါတယ်။

.
ဒါဟာ ကြာသပတေးနေ့က ဇီလန်းစကီး ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာ အပေါ် ပူတင်က ငြင်းဆိုလိုက်တာ ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ လတ်တလော တွေ့စရာကိစ္စ ဘာမှ မရှိဘူးလို့ ပြန်ပြောလိုက်တာပါ။
.
ပူတင်က ဇီလန်းစကီး ပေးပို့လိုက်တဲ့ စာကို “ရိုင်းစိုင်းတဲ့ စာ” လို့ မှတ်ချက်ပေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့အတွက်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အရင်လုပ်ရမယ်လို့ အသိပေးလိုက်တာပါ။
.
စိန့်ပီတာစဘတ်မြို့မှာ ကျင်းပခဲ့တဲ့ စီးပွားရေးဆွေးနွေးပွဲမှာ သတင်းထောက်တွေက ဇီလန်းစကီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံမလား ဆိုတဲ့ မေးခွန်းကို ပူတင်ဆီ မေးခဲ့ကြပြီး ပူတင်က လတ်တလောမှာတော့ တွေ့စရာ ဘာ အကြောင်းမှ မရှိသေးဘူး။ သူရေးတဲ့စာကို ကြည့်ရင် ဒါက မျက်နှာချင်းဆိုင် တွေ့ရဖို့ ဖန်တီးနေတာလား၊ မတွေ့ရဖို့ လုပ်တာလား လို့ တွေးမိတယ်။ ကျွန်တော်ကတော့ ဒုတိယအချက်လို့ပဲ ထင်တယ်” လို့ ဖြေခဲ့တာပါ။
.
ပူတင်ရဲ့ ဖြေဆိုမှု အပြီးမှာတော့ ဇီလန်းစကီးက ရုရှားဟာ စစ်ပွဲကိုပဲ ထပ်ပြီး ရွေးချယ်လိုက်တာ ဖြစ်တဲ့အကြောင်းနဲ့ စစ်ပွဲကို ပြီးစေချင်တဲ့ စိတ် မရှိတဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားသွားခဲ့ပါတယ်။
.
ရုရှားစစ်ဖက်ကတော့ ယူကရိန်းရဲ့ အပစ်ရပ်စဲရေး တောင်းခံမှုဟာ သူတို့ နိုင်ငံရဲ့စစ်အင်အားတွေကို ပြန်လည် စုစည်းနိုင်ဖို့ ဖြစ်ပြီး ရုရှားကသာ လက်ခံလိုက်ရင် မိုက်မဲရာ ကျလိမ့်မယ်လို့ ပြောထားတာပါ။ ဒါ့အပြင် ရုရှားဖက်က တောင်းဆိုထားတဲ့ အချက်တွေကို သဘောတူမှသာ ရေရှည်အပစ် ရပ်စဲရေးအတွက် စဉ်းစားမှာ ဖြစ်တယ်လို့လည်း ရုရှားဖက်က တုန့်ပြန်ထားပါတယ်။
.
ရုရှားရဲ့ လက်ရှိ တောင်းဆိုမှုတွေမှာတော့ ယူကရိန်းက ဒိုးနက်အော့ဘလက်စ်၊ လူဟန့်အော့ဘလက်စ်၊ ခါဆန်နဲ့ ဇာပိုရီဇီးယား ဒေသတွေကနေ ဆုတ်ခွာရမှာ ဖြစ်ပြီး မြောက်အတ္တလန္တိတ် အဖွဲ့ကို ဝင်ရောက်ဖို့ ကြိုးစားနေတာကိုလည်း စွန့်လွှတ်ရမယ်လို့ ပါရှိတာပါ။
.
ယူကရိန်းဖက်ကတော့ သူတို့ရဲ့ နယ်မြေ မှန်သမျှကို ရုရှား သိမ်းပိုက်တာမျိုး ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ တောင်းဆိုမှုတွေကိုလည်း လက်မခံနိုင်တဲ့အကြောင်း ငြင်းပယ်ထားပါတယ်။

.
Source – BBC

.
#KBZTai #Shan #Ukraine #Russia #International

No comments:

Post a Comment

Pages