နယူးဇီလန်ကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အီဂျစ် အနိုင်ယူ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

နယူးဇီလန်ကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အီဂျစ် အနိုင်ယူ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

ဒီနေ့မနက် ၇-၃၀ မှာ ကစားခဲ့တဲ့ နယူးဇီလန်အသင်းနဲ့ အီဂျစ်တို့ရဲ့ပွဲမှာတော့ ပွဲချိန်ဒုတိယပိုင်းမှာ သွင်းယူ ခဲ့တဲ့ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေနဲ့အတူ အီဂျစ်က ၁-၃ ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရသွားခဲ့ပြီး အုပ်စု G ရဲ့ ဦးဆောင် သူ ဖြစ်လာခဲ့ပါတယ်။

.

.

ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်း အကောင်းဆုံးလူစာရင်းကို ရခဲ့ပေမဲ့ စိတ်ပျက်စရာ ရလာဒ်တွေနဲ့သာ ရင်ဆိုင်ရ တတ်တဲ့ ဘယ်လ်ဂျီယံကတော့ ညတုန်းကပွဲမှာလည်း အီရန်ကို ဂိုးမရှိ သရေကျခဲ့ပြီး ၂ ပွဲကစား၊ ၂ မှတ်သာ ရထားသေးတာမို့ နောက်တစ်ဆင့်တက်ဖို့က မရေမရာဖြစ်နေဆဲပါ။ အီဂျစ်ကတော့ လာမယ့် အီရန်နဲ့ပွဲမှာ တစ်မှတ်လောက်ရရင်ပဲ နောက်တစ်ဆင့်ကို သေချာပေါက်တက်ပြီဖြစ်ပြီး နိုင်သွားမယ်ဆိုရင်တော့ အုပ်စုဗိုလ် အဖြစ် တက်လှမ်းရမှာပါ။

.

ဒီပွဲမှာ အီဂျစ်တို့ နယူးဇီလန်ကို နိုင်ခဲ့တယ်ဆိုပေမဲ့လည်း လွယ်ကူတဲ့ နိုင်ပွဲမျိုးတော့မဟုတ်ခဲ့ဘဲ ပွဲချိန် ပထမပိုင်းမှာ နယူးဇီလန်ရဲ့ ဦးဆောင်ခြင်းကိုတောင် ခံနေခဲ့ရတာပါ။

.

ပွဲချိန် ၁၅ မိနစ်မှာပဲ နယူးဇီလန်ဖက်က အဖွင့်ဂိုးရသွားခဲ့ပြီး ဆာမန် က ခေါင်းတိုက်သွင်းပေးသွားခဲ့လို့ အီဂျစ်တွေ ဖိအားအပြည့်နဲ့ လိုက်ကစားခဲ့ရပြီး ပထမပိုင်းတစ်ပိုင်းလုံး ချေပဂိုးရဖို့ ရုန်းကန်နေခဲ့ရတာပါ။ အီဂျစ်က ဘောလုံးပိုင်ဆိုင်မှု အပိုင်းမှာတော့ သိသိသာသာ အသာစီးမရခဲ့ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ကိုတော့ တော်တော်လေး လုပ်နိုင်ခဲ့ပြီး နယူးဇီလန်ဂိုးပေါက်ကို အချိန်ပြည့် ခြိမ်းခြောက်နိုင်ခဲ့တာပါ။

.

အီဂျစ်တိုက်စစ်မှာ မာမွတ်၊ အက်စ်ဟာ နဲ့ ဆာလက် တို့ ရုန်းနေကြပေမဲ့ ပွဲချိန် ပထမပိုင်းမှာတော့ ချေပဂိုး ရဖို့ ခက်နေကြတာပါ။

.

ဒုတိယပိုင်းမှာတော့ အီဂျစ်ရဲ့ကစားပုံ ပိုကောင်းလာခဲ့ပြီး ပွဲစတယ်ဆိုတာနဲ့ တောင်ပံတွေကနေ နယူးဇီလန် ခံစစ်ကို ဖိအားပေးနိုင်ခဲ့တာပါ။ ပွဲချိန် ၅၈ မိနစ်မှာတော့ အီဂျစ်တို့ ချေပဂိုးရသွားခဲ့ပြီး ဇီကို က ဂိုးဧရိယာ ထဲကနေ ခေါင်းတိုက်သွင်းပေးသွားခဲ့တာပါ။

.

ချေပဂိုးရသွားတာမို့ အီဂျစ်တို့ ပိုအားတက်လာခဲ့ပြီး နောက်ထပ် ၁၀ မိနစ် အကြာ၊ ပွဲချိန် ၆၇ မိနစ်မှာပဲ ဆာလက် က အီဂျစ်အတွက် ဦးဆောင်ဂိုးကို ဘယ်ခြေနဲ့ကန်သွင်းပြီး ရယူပေးနိုင်ခဲ့တာပါ။

.

ပွဲချိန် ဒုတိယပိုင်းမှာတော့ နယူးဇီလန်တို့ ကစားအားကျသွားခဲ့တဲ့အပြင် ချေပဂိုးတွေ၊ ဦးဆောင်ဂိုးတွေပါ ထပ်ပေးလိုက်ရတာမို့ အီဂျစ်ဖက်ကို ဖိအားပေးနိုင်ခြင်း သိပ်မရှိတော့ဘဲ ဖြစ်သွားခဲ့ပါတယ်။

.

ပွဲချိန် ၈၂ မိနစ်မှာတော့ လူစားဝင်လာခဲ့တဲ့ ထရီဇီဂတ်က အီဂျစ်အတွက် တတိယမြောက်ဂိုးကို ခေါင်းတိုက် သွင်းပေးခဲ့လို့ ပွဲအပြီးမှာ အီဂျစ်တို့ ၁-၃ နဲ့ နိုင်သွားခဲ့ရတာပါ။

.

အီဂျစ်အတွက်တော့ ဒီနိုင်ပွဲက အဖိုးတန်တဲ့ နိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီး အုပ်စုတွင်းပြိုင်ဖက် ဘယ်လ်ဂျီယံ သရေကျသွားချိန်မှာ အခွင့်အရေးကောင်းကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages