တာချီလိတ်တွင် ဇွန်လအတွင်း လျှပ်စစ်ဝန်အား လျှော့ချဖြန့်ဖြူးမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 3, 2026

တာချီလိတ်တွင် ဇွန်လအတွင်း လျှပ်စစ်ဝန်အား လျှော့ချဖြန့်ဖြူးမည်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇွန်လအတွင်း လျှပ်စစ်ဝန်အား လျှော့ချဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း မြို့ မီးလင်းရေးဦးဆောင်ကော်မတီ ထံက သိရသည်။

.

.

ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ဓာတ်အားသုံးစွဲမှု များပြားလာသဖြင့် နေ့စဉ် ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးအချိန်ဖြစ်သည့် ညနေ ၆ နာရီမှ စတင်ကာ နောက်ပိုင်း နာရီအချို့အထိ လိုအပ်သလို ဝန်အား လျှော့ချ ၍ အလှည့်ကျ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ယင်းသို့ ဝန်အားလျှော့ဖြန့်ဖြူးရာတွင် ဇွန် ၁၊ ၈၊ ၁၅၊ ၂၂ နှင့် ၂၉ ရက်များ၌ ဘိုးဘွားရိပ်သာမှ မိုးကုတ် ဝိပဿနာကျောင်းအထိ ဧရိယာများ၊ ဇွန် ၂၊ ၉၊ ၁၆၊ ၂၃ နှင့် ၃၀ ရက်များ၌ ပုန်းထွန်၊ တာလော့၊ လွယ်တော်ခမ်း၊ ဝမ်းလုံးနှင့် ဝမ်ကျောက်လုံဒေသများ၊ ဇွန် ၃၊ ၁၀၊ ၁၇ နှင့် ၂၄ ရက်များ၌ ဝမ်ဆောက်ခုံ ကျေးရွာ၊ ဖန်မင်နှင့် မိုင်းကိုးကျေးရွာအုပ်စုများ၊ ဇွန် ၄၊ ၁၁၊ ၁၈ နှင့် ၂၅ ရက်များ၌ မကာဟိုခမ်း၊ ဧဒင်၊ စလီ၊ မယ်ဟုတ်နှင့် ဟိုခိုဒေသများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ဇွန် ၅၊ ၁၂၊ ၁၉ နှင့် ၂၆ ရက်များ၌ မြတ်လေးလမ်း၊ အကွက်(၈)နှင့် တိုးနယားကွင်းဒေသများ၊ ဇွန် ၆၊ ၁၃၊ ၂၀ နှင့် ၂၇ ရက်များ၌ ဝမ်ကောင်းရပ်ကွက်ရှိ ရတနာလမ်းကြီးနှင့် မင်္ဂလာလမ်းတစ်လျှောက်၊ ဇွန် ၇၊ ၁၄၊ ၂၁ နှင့် ၂၈ ရက်များ၌ ဆန်ဆိုင်းရပ်ကွက် (၄)လမ်း၊ (၅)လမ်းနှင့် အားကစားရုံးတစ်လျှောက်ရှိ ဧရိယာများတွင် လျှပ်စစ်ဝန်အား လျှော့ချဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ အလှည့်ကျ ဝန်အားလျှော့ဖြန့်ဖြူးခြင်းသည် ဓာတ်အားလိုအပ်ချက် မြင့်မားနေသည့် အချိန်များ တွင် လျှပ်စစ်ဓာတ်အားစနစ် တည်ငြိမ်စေရန်၊ ဓာတ်အားပြတ်တောက်မှုများကို လျှော့ချနိုင်ရန်နှင့် ဓာတ်အား အသုံးပြုသူ ပြည်သူများအား မျှတစွာ လျှပ်စစ်ဓာတ်အား ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

No comments:

Post a Comment

Pages