အီရန်-အစ္စရေးစစ်ပွဲကြောင့် အာရှစတော့ဈေးကွက်တွေ ဗြောင်းဆန်ပြီး ဆီဈေးတွေ ထိုးတက်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 8, 2026

အီရန်-အစ္စရေးစစ်ပွဲကြောင့် အာရှစတော့ဈေးကွက်တွေ ဗြောင်းဆန်ပြီး ဆီဈေးတွေ ထိုးတက်လာ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

.

အီရန်နဲ့ အစ္စရေးရဲ့ စတင်နေတဲ့ စစ်ပွဲကြောင့် အာရှစတော့ဈေးကွက်တွေ အကြီးအကျယ်ထိခိုက်မှု ဖြစ်လာ ခဲ့ပြီး တောင်ကိုရီးယားရဲ့ KOSPI အညွှန်းကိန်းက ဈေးကွက်ဖွင့်ပြီး မိနစ် အနည်းငယ်အတွင်း ၉ ရာခိုင်နှုန်း အထိ ထိုးကျသွားခဲ့လို့ စတော့ဈေးကွက်ကို မိနစ် ၂၀ ကြာ ရပ်နားလိုက်ရပါတယ်။

.

.

ဒါဟာ တောင်ကိုရီးယား စတော့ဈေးကွက်ကို ဒီနှစ်အတွင်း တတိယအကြိမ်‌မြောက် ယာယီရပ်နားလိုက်ရတာ လည်း ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ဈေးကွက်ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ ရှယ်ယာအညွှန်းကိန်းတွေ ကတော့ ၅ ရာခိုင်နှုန်းလောက် ဆက်လက်ကျဆင်းနေခဲ့တာပါ။

.

တောင်ကိုရီးယားရဲ့ Chip ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်ကြတဲ့ ဆမ်ဆောင်းနဲ့ စကိုင်းနစ် တို့ရဲ့ ရှယ်ယာ ဈေးနှုန်း တွေလည်း သိသိသာသာကျဆင်းသွားခဲ့ပြီး Ai နဲ့ နည်းပညာလုပ်ငန်းရှယ်ယာတွေက တော်တော် လေး လှုပ်ခတ်သွားကြတာပါ။

.

ဂျပန်နိုင်ငံရဲ့နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ နစ်ကိုင်းရဲ့ ရှယ်ယာဈေးတွေကလည်း ၄ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ ၄ လအတွင်း အမြင့်မားဆုံး ကျဆင်းမှုဖြစ်လာခဲ့ပါတယ်။

.

အာရှဈေးကွက်တွေမကျဆင်းမီ နှစ်ရက်အလိုမှာပဲ အမေရိကန်ရဲ့ စတော့ဈေးကွက်ဖြစ်တဲ့ NASQAD ကလည်း ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်းမှာ အကြီးမားဆုံးကျဆင်းမှုဖြစ်ခဲ့တာပါ။ ရင်းနှီးမြုပ်နှံသူတွေကြားမှာတော့ Ai ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေး မြင့်တက်မှုတွေက အလွန်အကျွံ ဖြစ်လာပြီလား ဆိုတာကို စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။

.

ဒါ့အပြင် အစ္စရေးနဲ့အီရန်တို့ရဲ့တိုက်ပွဲတွေကြောင့် ရေနံဈေးက ၃ ဒသမ ၇ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး ရေနံတစ်စည်ကို ဒေါ်လာ ၉၆ ဒသမ ၅၀ အထိ ရောက်လာခဲ့တာပါ။

.

ရေနံဈေးမြင့်တက်လာတာကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းထပ်တိုးနိုင်ခြေတွေ ဖြစ်ပေါ်လာနိုင်တာမို့ လူတွေရဲ့ စိုးရိမ်မှုတွေကလည်း မြင့်တက်လာနေကြပါတယ်။

.

Source – CNN

.

No comments:

Post a Comment

Pages